- နှလုံးသားကို မပေးနိုင်ရင် လူကိုပဲ ပေးလိုက်တော့
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်ပြီးဆုံးသွားသည်နှင့် ပွဲကောင်းတစ်ခုလည်း ပြီးဆုံးသွား၏။ရွမ်ရှောက်နန်က တီဗွီကိုပိတ်လိုက်ပြီးနောက် ဝိုင်ခွက်ကိုယူပြီး မော့သောက်လိုက်၏။မြည်လာသည့်ဖုန်းကို ကောက်ယူပြီး တစ်ဖက်လူ၏စကားကိုငြိမ်၍နားထောင်နေရင်းမှ တဖြည်းဖြည်းချင်းပြုံး၍
"မစောဘူး...သူရောက်လာတဲ့အချိန်နဲ့ ပွဲထဲကအချိန်က လုံးဝအချိန်ကိုက်နီးပါးပဲ...ပင်ပန်းသွားရပြီ..."
ရွမ်ရှောက်နန်က ဖုန်းချပြီးနောက် မှန်ပြတင်းပေါက်နားဆီသို့လျှောက်သွားကာ မြို့တော်ကြီးအား အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။အရင်တစ်ခေါက် ဤနေရာတွင် ဝေ့ရှီကြောင့် သွေးထွက်သံယိုဖြစ်ခဲ့ဖူးသည့်နေရာဆိုလည်း မမှား။ထိုအချိန်က ဝေ့ရှီပြောခဲ့သည့်စကားကို မှတ်မိနေပါသေး၏။
"နင်က..ငါ့ကို..နင့်ကိုချစ်လာစေချင်နေတာလား...ဖြစ်နိုင်လို့လား"
ထိုအချိန်တုန်းက တည်ရှိနေသမျှအရာအားလုံးက အတုအယောင်များသာဖြစ်နေခဲ့ပြီး ဒေါသစိတ်တစ်ခုတည်းကသာ အစစ်အမှန်ဖြစ်ခဲ့သည်။ထိုစကားလုံးတို့ကို ကြားလိုက်ရသည့်အချိန်တုန်းက သူမကို အပိုင်းပိုင်းအစစဖြစ်အောင်ချေမွပစ်ချင်သည့်စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရကာ အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး ပြာမှုန့်များအဖြစ် ဖျက်ဆီးပစ်လိုက်မှသာ စိတ်ကျေနပ်နိုင်တော့မည်အထိ တည်ငြိမ်နိုင်တော့မည်အထိ စိတ်အေးနိုင်တော့မည်အထိ မုန်းတီးခဲ့၏။
ရွမ်ရှောက်နန်က အသက်ပြင်းပြင်းရှူရှိုက်လိုက်ရင်း နှာခေါင်းထိပ်ဖျားတွင်ကျန်နေသယောင်ရှိနေခဲ့သည့် သူမ၏အငွေ့အသက်များကို ရှိုက်သွင်းလိုက်၏။
အသံထွက်အောင် ရယ်လိုက်ပြီး
"မင်းပြောတော့ မင်း ကိုယ့်ကိုတစ်သက်လုံးချစ်နေမှာဆို..သေတဲ့ထိကိုချစ်နေမှာဆို...ဒါပေမယ့် မင်းက အသက်ရှင်နေရက်နဲ့ အခြားတစ်ယောက်ကို ချစ်နေပြီ...အဲ့အချိန်တုန်းက မင်းသေသွားလိမ့်မယ်လို့ထင်မိပြီး ကိုယ်မင်းကို လွှတ်ချပေးလိုက်ပေမယ့် မင်းက မသေသေးဘူးဆိုတော့....မင်းပြောကြည့် ကိုယ်ဘာဆက်လုပ်ရမလဲ.."
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။