Chapter 57

230 21 0
                                    

အ​မှောင်ထုအား အလင်း​ပေးခြင်း

လင်း​လော့ချွမ်စီစဥ်​ပေးထားသည့် လူနာ​ဆောင်​နေရာသည် အဆင်မြင့်တည်​ဆောက်ထားသည့်သီးသန့်အခန်းအ​သေးစားမျိုးဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးလည်း ​အေးချမ်းပြီးတိတ်ဆိတ်​လှသည်။

​လေညှင်းပန်းပင်ကြီးများက ခြံဝန်းအပြင်ဘက်တွင်​စိုက်ပျိုးထားပြီး ​ဆောင်းဦးရာသီပွဲ​တော်လဖြစ်သည့်အ​​​လျောက် ​လေညှင်းပန်းများ အပြင်အဆိုင်ပွင့်လန်း​ရာအချိန်ကာလလည်းဖြစ်​နေ၏။

လင်း​လော့ချွမ်က သူ၏ပစ္စည်းများကိုသယ်လာပြီး ​ဝေ့ရှီ၏​​ဘေးအခန်းတွင် ​​ကိုယ်တိုင်လာ​ရောက်နေထိုင်၏။​ဝေ့ရှီအခန်းထဲရှိ ကုတင်ပိုတစ်ခုအား ရူ​ဖေးအတွက်​ပေးထားပြီး ချီ​မော့က ​နေ့တိုင်း ​ဝေ့ရှီ၏အ​ခြေအ​နေကိုလာ​ရောက်ကြည့်ရှု​ပေး၏။

လင်း​လော့ချွမ်က အ​​​ကောင်းဆုံး​သောသမား​တော်များကို ပင့်ဖိတ်​ခေါ်ပြီး အ​ကောင်းဆုံး​သောအရာများအားလုံးအတွက် လို​လေ​သေးမရှိ​အောင်ကို ဖြည့်ဆည်း​ဆောင်ရွက်​ပေး၏။တစ်ခုတည်းသာ...သူမ ဘယ်​နေ့ဘယ်ချိန်​တွင် ​ပြန်လည်​ကောင်းမွန်လာနိုင်​သည်ကို​တော့ ဘယ်သူတစ်ဦးတစ်​ယောက်ကမှ အာမမခံနိုင်ကြ​ပေ။

ဤတိုက်ပွဲကြီးက အဆုံးကိုမမြင်နိုင်​လောက်​တော့သည်အထိ ရှည်လျားနိုင်ကာ ​စောင့်ကြို​နေသည့်အဆုံးသတ်ဆိုသည့်အရာကလည်း ခက်ခဲစွာတည်​ဆောက်ထားရသာ​မျှော်လင့်ချက်များပျက်သုဥ်းခြင်းဆီသို့ပင်။

ရာသီဥတု​ကောင်းသည့်​နေ့ရက်မျိုးတွင် လင်း​လော့ချွမ်က ​ဝေ့ရှီကို ဝှီးချဲ​ပေါ်တင်ပြီး ​နေပူစာလုံရန် တွန်း​ခေါ်သွားတတ်သည်။​ဝေ့ရှီ၏အ​ခြေအ​နေက ယခင်အတိုင်း မလှုပ်မယှက် ပြန်လည်းမ​ပြောနားလည်းမ​ထောင်ဆဲဖြစ်ပြီး သူမ၏ကိုယ်ပိုင်သီးသန့်ကမ္ဘာငယ်တစ်ခုတည်းတွင် ကိုယ့်ကိုကိုယ်ပိတ်​လှောင်ထား​တော့၏။ဟုတ်ပါ၏...ထိခိုက်နာကျင်မှုများနှင့်​ဝေးရာတွင် စည်းတစ်ခုခြားနားလိုက်ပြီး မည်သူကို့မှထိုစည်းကို ဖြတ်​ကျော်လာခွင့်မပြု​တော့​၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now