Chapter 6

251 16 0
                                    

ရစ်မူး​သေရည် ​သေဆုံးအိပ်မက်

အလုပ်ဆင်းသည့်အချိန်၌ အားလုံးက ညလယ်စာသွားစားရန်အတွက် အချိန်းအချက်ဖြင့်ထွက်လာခဲ့ကြ၏။Coco က သူမ၏ရုပ်​ဖြောင့်သည့်ရည်းစား Mark ကို​ခေါ်လာပြီး အားဖန်ကလည်း ဇာတိမြို့မှ ဤ​မြို့သို့အလုပ်လုပ်ရန် အတူထွက်လာသည့် သူ၏ရည်းစား 'မိန်မိန်' ကို​ပါ ခေါ်လာ၏။ရူ​ဖေးနှင့်ချီ​မော့ကလည်း တစ်တွဲဟုဆိုရမည်ဖြစ်ကာ ​ဝေ့ရှီကသာ တစ်​ယောက်တည်းဖြစ်သည်။

လူ ၇​ယောက်က ထိုင်ခုံ၈လုံးပါသည့် စားပွဲကိုယူလိုက်ကြ၏။

အတူဆုံကြသည့်အချိန်တိုင်း အမြဲဆူညံ​အောင်လုပ်​နေကြဖြစ်ကာ ဆိုင်ရှင်ကပင် သူတို့အုပ်စုအား ​ကြောက်ရသည်အထိ။သို့​သော် ယ​နေ့တွင် ထူးထူးဆန်းဆန်းတိတ်ဆိတ်​နေကြသည်က အားဖန်တစ်​ယောက် အရက်ခွက်ကို မကိုင်ခင်အထိဖြစ်၏။လွတ်​နေသည့်ထိုင်ခုံဆီသို့ မျက်နှာမူလိုက်ပြီး

"ကျင့်ရှောင်ဝိန်"

အားလုံးက တစ်​ယောက်ပြီးတစ်​ယောက် ခွက်ကို​မြှောက်လိုက်ကြပြီး ​မြေကြီး​ပေါ်သို့ ​လောင်းချကြ​လေ၏။

အားလုံး၏အမူအရာက အနည်းငယ်​သက်​သောင့်သက်သာဖြစ်လာကြပြီး​နောက် နင်တစ်လှည့် ငါတစ်လှည့် ​ရေပက်မဝင်​အောင် စကားများလာကြကုန်၏။​ဝေ့ရှီက ယ​နေ့တွင် အ​တော်​လေးတိတ်ဆိတ်​နေခဲ့၏။သို့​သော် ရူ​ဖေးသည်ကား ယခင်က​ရော ယခုပါ အတက်ကြွဆုံးနှင့်စကားအများဆုံးတစ်​ယောက်ဖြစ်ပြီး Mark ကိုလည်းတစ်မျိုးပြီးတစ်မျိုးစိန်​ခေါ်​နေ​လေ၏။ကြည့်ရသည်က ဤ​ရုပ်​ဖြောင့်သည့်​ကောင်​ချော​လေးကို ​တစ်နည်းနည်းဖြင့်အနိုင်ယူရန် ဆုံးဖြတ်ထားပုံရ၏။

Coco က ပွဲကြည့်ပရိတ်သတ်လုပ်​နေပြီး မည်သူ့ဘက်ကမှ ပါ၍​ပြော​ပေးခြင်းမျိုးမရှိ။အားဖန်တို့အတွဲက ​ခေါင်းချင်းဆိုင်ပြီး ကြွက်နှစ်​ကောင်အလားတတွတ်တွတ်ဖြင့် နှစ်​ယောက်တည်းသီးသန့်ကမ္ဘာဖြစ်​နေ​လေ၏။ချီ​မော့က နဂိုကတည်းက စကားနည်းသူဖြစ်ကာ ရယ်စရာဟာသများ​ပြောသည့်အချိန်​မျိုးတွင်​တောင်မှ မထိတထိသာရယ်တတ်​၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now