လက်တစ်ကမ်းအလို၌ ရစ်ဝဲနေသောသေဆုံးခြင်းတရား
"မင်းက သူ့ကို ကာကွယ်ပေးချင်တယ်ပေါ့...မင်းကိုကျတော့ ဘယ်သူကလာကယ်ပေးလို့လဲ?...မကြောက်ပါနဲ့...ကိုယ် ဘယ်သူ့ကိုမှ ကြည့်ခိုင်းမှာမဟုတ်ဘူး...မင်းသာ ကိုယ့်အနားကနေထွက်မသွားနဲ့...မင်းသာ အမြဲတမ်းကိုယ့်အနားမှာပဲနေ...ဝေ့ရှီ...ကိုယ် မင်းကို ဘယ်လောက်ထိလွမ်းနေလဲဆိုတာ မင်းမသိလို့...မင်းကို ဖက်ထားချင်တာ...မင်းကို နမ်းရှိုက်ချင်တာ...မင်းစကားပြောနေတဲ့သံလေးတွေ နားထောင်ပြီး မင်းနဲ့ တစ်သက်လုံး အတူတူနေသွားချင်တာ...မင်းက ကိုယ့်အပိုင်...တစ်သက်လုံးအမြဲတမ်းအတွက် ကိုယ့်အပိုင်...မင်းက ကိုယ့်ရဲ့အမျိုးသမီးလေး...နောက်ဆိုရင် မင်းက ကိုယ့်ရဲ့ဇနီးလေး...ကိုယ့်ကလေးလေးတွေရဲ့အမေဖြစ်မှာ...ကိုယ့်တို့ ဒီတစ်သက်စာလုံး လုံးဝလမ်းမခွဲတော့ဘူး...ထပ်ပြီးမခွဲခွာတော့ဘူးနော်.."
ဝေ့ရှီက နားရွက်နှစ်ဖက်ကို အရူးတစ်ယောက်လို လက်ဖြင့်အားကုန်ပိတ်အုပ်ထားမိပြီး မျက်ရည်များကြောင့် အရာအားလုံးကလည်း ဝေဝါးနေခဲ့သည်။
သူမ ဘယ်ကိုရောက်နေတာလဲ? သူကရော ထပ်ပြီးဘယ်နေရာကိုရောက်နေတာလဲ?
မြင်လိုက်ရသည်က မိန်းကလေးတစ်ယောက်က အိစက်ညက်ညောလှသည့်အိပ်ရာကြီးထက်တွင် ထိတ်လန့်တုန်လှုပ်စွာလှဲလျောင်းနေရ၏။မျက်ဝန်းနှစ်ဖက်စလုံးက ပြုတ်ထွက်ကျလာတော့မည့်ပုလဲနှစ်လုံးအလား ကုတင်ခေါင်းရင်းဘောင်ပေါ်တွင် တင်ထားသည့်ဓါတ်ပုံကို လှမ်းကြည့်နေလေသည်။ဓါတ်ပုံထဲတွင် သူမအားပွေ့ဖက်ပြီး အချိုသာဆုံးပြုံးပြနေခဲ့သည့်ယောက်ျားက လက်ရှိအချိန်တွင် သူမ၏ခန္ဓာကိုယ်အပေါ်၌ ဖိအုပ်ထားကာ လက်သည်းချွန်ချွန်များဖြင့် အရှင်လတ်လတ်အရေခွံဆုတ်နေလေ၏။
ခြေလက်လေးဖက်လုံးရှိ အရိုးအကြောများပျော့ခွေနေခဲ့ကာ မျက်ရည်များက မိုးရွာနေသည့်အလားကျနေပြီး အသက်ရှင်ဖို့ရာလည်းအားမရှိတော့သလို သေဖို့ရာလည်းမတတ်နိုင်ခဲ့၏။သူမ၏ စိတ်ဝိဥာဥ်တစ်ခုလုံးက မျက်နှာကျက်တစ်ခွင် ဝေ့ဝဲပျံလွှားနေပြီး ဆွဲငင်ပြီးငိုကြွေးနေသည့်အသံရှည်ကြီးကိုကြားနေရကာ ထိုယောက်ျား၏ သူမ၏နားရွက်ဖျားဆီသို့ကပ်ပြီးပြောနေသည့် ဖွင့်ဟခြင်းများ ကျေနပ်ခြင်းများ သာယာခြင်းများအပြင် ငြီးညူသံများကိုပါ နားထောင်နေရပြီး အဆုံးမရှိသောညှင်းပန်းစော်ကားခြင်းများကို ပြုနေခဲ့သည်။
DU LIEST GERADE
Alluring [ ဘာသာပြန် ]
Romantik绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။