အင်အားသုံး၍လုယူခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခြင်း
ရူဖေးက နောက်ထပ်ညဆိုင်းဆင်းနေရသည်ဖြစ်၍ ဝေ့ရှီက ရေမိုးချိုးပြီးသည်နှင့် ဝရံတာမီးကို ထိန်ထိန်လင်းအောင်ဖွင့်ကာ ပန်းချီဘုတ်ပြားကို အကျအနပြင်ပြီး မပြီးပြတ်သေးသည့်အိမ်စာများကို အဆုံးသတ်ဖို့ရာပြင်လေ၏။အလုပ်များနေသည့်အချိန်အတွင်း ဖုန်းမြည်လာသဖြင့် လင်းလော့ချွမ်ခေါ်ဆိုသည်ဟုထင်မှတ်ကာ ခေါ်ဆိုသူနံပါတ်ကိုမကြည့်ဘဲ ကောက်ယူဖြေဆိုလိုက်၏။
"ကိုယ်ပါ.."
လက်ထဲတွင်ကိုင်ထားသည့် ပန်းချီဆေးများ ပြုတ်ကျကာ ကြမ်းပြင်တစ်ခုလုံး ဆေးစက်များ မွစာကျဲကုန်သည်။
ထိုအသံပိုင်ရှင်က ဆက်၍
"ကိုယ် ကားထဲမှာစောင့်နေမယ်...၁၀မိနစ်ကြာပြီးရင် မင်းဆင်းလာခဲ့ မဟုတ်ရင် ကိုယ်တက်လာခဲ့မယ်"
နားစည်အတွင်း ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည့် တတူတူမြည်သံများရစ်ဝဲနေပြီး ဝေ့ရှီက ဖုန်းကိုင်ထားသည့် နဂိုအနေအထားအတိုင်းငြိမ်သက်မိနေလေသည်။မျက်ဝန်းရှေ့ရှိ အရာအားလုံး ကွယ်ပျောက်သွားသည့်အလား ဘာဆိုဘာမှမမြင်ရတော့ဘဲ မျက်ဝန်းအိမ်အတွင်း အကြောက်တရားများသာ တဟုန်ထိုး လျှပ်ပြေးလာတော့သည်။အချိန်မည်မျှကြာသွားသည်အထိ ငေးကြောင်နေခဲ့မှန်းမသိ ဆယ်မိနစ်လား ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုစာလား။တံခါးဝဆီမှ ခြေသံတစ်ခုနှင့်အတူ တံခါးခေါက်သည့်အသံပါ ကပ်ပါလာခဲ့၏။
ဝေ့ရှီက ကြားလျှင်ကြားချင်း အလန့်တကြားလှည့်၍ တံခါးရှိရာဆီသို့ ကြောက်လန့်တကြီး လှမ်းကြည့်ကာ ဖွဲစလေးတစ်ခုလို တဆတ်ဆတ်တုန်နေခဲ့သည်။
သူ့ကို မတွေ့ချင်ဘူး!
သေတဲ့ထိတောင် သူ့ကိုမတွေ့ချင်ဘူး!
တစ်ချက်ပြီးတစ်ချက်မြည်နေသည့် တံခါးခေါက်သံက ခန္ဓာကိုယ်ထဲမှဝိဥာဥ်ကိုတောင်းဆိုနေသည့် သရဲတစ္ဆေခေါ်သံအလား နောက်မဆုတ်တမ်းကျယ်လောင်လာလေသည်။
ŞİMDİ OKUDUĞUN
Alluring [ ဘာသာပြန် ]
Romantizm绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။