ပျော်ရွှင်ခြင်းအား အဓိပ္ပါယ်ဖွင့်ဆိုရလျှင်
ရွမ်ရှောက်နန်၏ ပျော်ရွှင်နေသည့်အချိန်များက သိပ်မကြာလိုက်ပါ။ဆေးရုံမှဆင်းသည်နှင့် ဖြေရှင်းရန် စောင့်ကြိုနေသည့်အလုပ်ကိစ္စများက တစ်ပုံတစ်ပင်ကြီးဖြစ်သည်။
ဝေ့ရှီက ကျောင်းပိတ်ရက်များအတွင်းသို့ ရောက်နေပြီဖြစ်ကာ ရွမ်ရှောက်နန်က သူ၏ ဗီလာတွင် လာရောက်ပြောင်းနေပါရန် အကြိမ်ကြိမ်တောင်းဆိုသည့်တိုင် မပြောင်းရွေ့။ ရွမ်ရှောက်နန်၏မျက်နှာကို ထောက်ပြီး Alluring တွင်လည်း ဆက်ပြီးအလုပ်မလုပ်ဖြစ်တော့ပေ။
သို့သော် ထိုနေရာမှရနေသည့်ဝင်ငွေများမရှိတော့လျှင် သူမ၏ ကျူရှင်လခနှင့်နေစရိတ်များအပြင် စျေးကြီးလွန်းလှသည့် ပန်းချီဆိုင်ရာသုံးကိရိယာများအတွက်ပါ ငွေရေးကြေးရေးပြဿနာရှိလာနိုင်မည်ဖြစ်သည်။
ရွမ်ရှောက်နန်က သူမကို လိုရမယ်ရသုံးရန် ဘဏ်ကဒ်တစ်ခုပေးလိုက်သော်လည်း သူ၏ဗီလာထဲရှိ အံဆွဲထဲ၌သာ ပြန်ထည့်ထားပေးခဲ့သည်။သူ၏စေတနာကို နားလည်ပါသည့်တိုင် သူမကိုယ်၌ကိုယ်က 'လိုရမယ်ရ' ဆိုသည့်စကားလုံးနှင့် အသားမတည့်ခြင်းကြောင့် ယူမသုံးရခြင်းလည်းဖြစ်ပါလိမ့်မည်။ဤအရာက မာနကြီးကာစိတ်ကြီးဝင်ခြင်းမျိုးမဟုတ် နှစ်ရှည်လများစွာကျင့်သုံးခဲ့သော အကျင့်ကြောင့်ဟုသာဆိုရမည်။အခြားတစ်ခုအနေဖြင့် ပြောရလျှင် မိမိကိုယ့်ကိုယုံကြည်အားကိုးခြင်းမျိုးဖြစ်ကာ သူနှင့်သူမ ကြားရှိ ကွာခြားချက်များကို ပို၍တွေးတောမိလေ သူမအဖို့ ကိုယ့်ကိုကိုယ် ပို၍အားကိုးရန် ကြိုးစားမိလေဖြစ်၏။
နောက်ပိုင်း ရူဖေးကို သူမတွေးထားသည့်အရာများကိုပြောပြတိုင်း ရူဖေးက အရေးတယူလုပ်ပြီးပင် နားမထောင်ပေးတော့ပေ။
"နင်က သူ့အတွက်နဲ့ နိုင်ငံခြားကိုတောင်ပညာသင်ဖို့မသွားခဲ့တာလေ... နင့်ကို စောင့်ရှောက်ပေးရမှာက သူ့ရဲ့တာဝန်ပဲဟာ..ပြီးတော့ သူ မတတ်နိုင်တာလည်း မဟုတ်ဘူးလေ..ဘာလို့များ ကိုယ့်ကိုကိုယ်ခက်ခဲအောင်လုပ်နေတာလဲ ဝေ့ရှီ.."
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။