တစ်သက်တာရန်သူ
လင်းလော့ချွမ်က ပူပန်စိုးရိမ်စိတ်များဂိတ်ဆုံးအဆင့်ရောက်နေပြီဖြစ်သူ ရူဖေးကို ခေါ်ပြီး ရွမ်ရှောက်နန်၏ဗီလာသို့ ရောက်လာသည့်အချိန်တွင် အရာအားလုံးပြီးဆုံးသွားလေပြီ။
ရွမ်ရှောက်နန်က ဆိုဖာပေါ်တွင် သေသေသပ်သပ်ထိုင်နေရင်း လင်းထိန်နေသည့်မီးရောင်အောက်တွင် ဝေ့ရှီ၏လည်တိုင်မှ ဆွဲဖြုတ်လာသည့် 'ချီလင်' ကျောက်စိမ်းပြားကို အသေအချာစိုက်ကြည့်နေသည်။
လင်းလော့ချွမ်က ဝင်လာသည်နှင့်တပြိုင်နက် ရွမ်ရှောက်နန်အားဆွဲကိုင်ကာ
"လူ ဘယ်မှာလဲ!"
ရွမ်ရှောက်နန်က အဓိပ္ပါယ်ပါပါကိုပြုံးလိုက်ပြီး
"လူက သေချာပေါက် ငါ့အိပ်ရာပေါ်မှာပေါ့...မင်း ဒီထက်စောစောရောက်လာမယ်လို့ ထင်ထားတာ...စိတ်မကောင်းစရာပဲ...အ ရမ်း နောက် ကျ သွား ပြီ"
လင်းလော့ချွမ်က ဒေါသတကြီး ထိုးကျိတ်ဖို့ရာ လက်သီးဆုတ်ကိုရွယ်လိုက်ပြီးနောက် ဝေ့ရှီကို ပိုပြီးစိုးရိမ်သည့်စိတ်က ကြီးစိုးသွားကာ လက်ကိုလွှတ်ပြီး ဒုတိယထပ်ရှိအိပ်ခန်းဆီသို့ ရူဖေးနှင့်အတူ ပြေးတက်လာခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့် ရူဖေးက ပါးစပ်အဟောင်းသားဖြစ်သွားရကာ လက်ဖြင့်ဖိအုပ်ပြီး ချက်ချင်းငိုချမိတော့၏။
"ဝေ့ရှီ..."
ရွမ်ရှောက်နန်ပြောတာ မှန်ပါ၏။တကယ်ကို နောက်ကျသွားပြီ။အရာအားလုံး....မကယ်တင်နိုင်တော့ပေ။
သူတို့ကယ်တင်ချင်သည့်သူက ရွမ်ရှောက်နန်၏အိပ်ရာထောင့်စွန်းတွင်ထိုင်နေကာ ဆံပင်များပွယောင်းခတ်နေပြီး ခြုံစောင်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည့်တိုင် ဖြူဖွေးနေသည့်အသားအရည်က တစ်ဝက်နီးပါးလှစ်ဟနေသည်။နဖူးထက်တွင် ခရမ်းရောင်အကွက်များနှင့်အတူသွေးများပေကျံနေပြီး မျက်ဝန်းများက အရှေ့တည့်တည့်ကိုသာ အသေကောင်အလားစိုက်ကြည့်နေ၏။ထိုမလှုပ်ခတ်တော့သည့်မျက်ဝန်းတစ်စုံထဲတွင် ဒေါသဟူ၍လည်းမရှိ ဦးတည်ရာဟူ၍လည်းမရှိ အထဲတွင် ကန္တရသဖွယ်ပြောင်သလင်းခါနေပြီး ဘာဆိုဘာမှမကျန်တော့၏။
YOU ARE READING
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။