ဖခင်ကိုသတ်သည့်ရန်ကြွေး ကောင်းကင်ပြိုကျလျှင်တောင်မကျေ
ညနေစာစားရန် ရွေးချယ်လိုက်သည့်နေရာက 'ဟွိုက်ရန်'ဟင်းလျာများ ရရှိသည့်နေရာဖြစ်၏။ဝေ့ရှီ၏ နှလုံးသားလေးက ခပ်ရေးရေးလေးလှုပ်ခတ်သွားခဲ့၏။ရွမ်ရှောက်နန်က ဒီအရာများကို မှတ်မိနေလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့်ဖြစ်၏။ဝေ့ရှီ၏အမေက 'ယန်ကျိုး'မြို့သူဖြစ်ပြီး 'ဟွိုက်ရန်'ဟင်းလျာများကိုချက်ပြုတ်သည့်နေရာ၌ အတော်လေး ကျွမ်းကျင်သူဖြစ်၏။
'ယန်ကျိုး'၊ နွေးထွေးသောတောင်တန်းများနှင့်ရေပြာများရှိသောဒေသ၊ ထိုဒေသရှိဟင်းလျာများက မွှေးပျံ့ပြီးအရသာကောင်းမွန်မှုတို့ကြောင့် ထင်ရှားသည့်နေရာတစ်ခုဆိုလည်းမမှား။
'ပင်းချောင်'တို့ဖူး၊ ဟင်းရွက်နှင့်မှိုကို ရောကြော်ထားသည့်ဟင်းလျာ၊ အရိုးထွင်ထားသည့် ခရမ်းချဥ်သီးငါးပေါင်း၊ ဂဏန်းကိုခေါက်ဆွဲနှင့် နှပ်ထားသည့် ဟင်းရည် စသည့်စသည့် 'ဟွိုင်ရန်'၏လတ်ဆတ်သည့်ဟင်းလျာများ...
ထိုဟင်းလျာများကို မြင်လိုက်ရသည်နှင့် ဝေ့ရှီ၏မျက်ရည်စများဝေ့တက်လာတော့၏။သူမ၏အမေက အမြဲတမ်းနီးပါး ချက်ပြုတ်ကျွေးခဲ့သည့်ဟင်းများဖြစ်၏။နှစ်တွေအကြာကြီးကျော်လွန်ခဲ့ပြီဖြစ်ကာ ထိုဟင်းလျာများ၏ အရသာကို မေ့လုနီးပါး ထိုနူးညံ့ပြီးနွေးထွေးသည့်မေတ္တာတရားကိုလည်း မေ့လုနီးပါးပင်။ထိုလူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်ထားနေသေးသည်လား။
ဤစားသောက်ဆိုင်၏ဖွဲ့စည်းပုံက အတော်လေးကိုဒီဇိုင်းကျပြီးလှပသည်ဟုဆိုရမည်။အခန်းငယ်လေးများက ရေကန်ကြီးပေါ်တွင် သီးသန့်ဖြစ်နေသည့်ဘန်ဂလိုမပုံစံဆောက်ထားကာ အောက်ဘက်တွင် ရေစီးနေသည့်အသံများကို ကြားနေရ၏။အခန်းငယ်၏ပြတင်းပေါက်မှ အပြင်ဘက်သို့လှမ်းကြည့်လိုက်လျှင် တံတားငယ်များနှင့် ဝါးဖြင့်လုပ်ထားသည့်ရေဆုံလည်တစ်ခုကို တွေ့ရ၏။ခြံဝန်းအတွင်း သဘာဝအလျောက် ရေစီးဆင်းနေသည့်ပုံစံမျိုးဖြစ်၏။
VOCÊ ESTÁ LENDO
Alluring [ ဘာသာပြန် ]
Romance绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်းမောသွားလောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်ယောက်ကိုပဲဖြစ်ဖြစ် အရာဝတ္ထုတစ်ခုကိုပဲဖြစ်ဖြစ် မသိစိတ်ကနေရော အသိစိတ်ကပါ ရူးသွပ်သွားတဲ့အထိစွဲလမ်းခြင်းမျိုးပါ။