Chapter 29

170 13 5
                                    

မိန်းမလှ​လေးများ၏ မြို့​တော်

​နောက်တစ်​နေ့ ​စာချုပ်လွှဲ​ပြောင်းလက်မှတ်ထိုးသည့်အချိန်တွင် ရွမ်​ရှောက်နန်က လိုက်မလာ၊ သူ၏လက်​ထောက် ဝမ်တုန်းရန်နှင့် ​ဘော်ဒီဂတ်အချို့ကို ​ဝေ့ရှီအား ရှေ့​နေရုံးသို့​​ဘေးကင်းစွာလိုက်ပို့​ပေးရန်သာ ညွှန်ကြားလိုက်၏။ရွမ်​ရှောက်နန်က သူကိုယ်တိုင် လုမိသားစုမှလူများကိုမြင်လိုက်၍ ကိုယ်တိုင်ချထားသည့်ဆုံးဖြတ်ချက်ကိုပြင်မိသွားမည်ကိုစိုးရိမ်​နေမှန်း ​ဝေ့ရှီနားလည်ပါ၏။

ပိုင်ဆိုင်မှုလွှဲ​ပြောင်းသည့်ကိစ္စရပ်တစ်ခုလုံးက ထင်ထားသည်ထက် ​ချော​ချော​မွေ့​မွေ့ပြီးမြှောက်သွား၏။တာဝန်ရှိသူနှစ်ဖက်စလုံးက ဖိုင်အချို့နှင့်စာရွက်စာတမ်းအချို့ကို လက်မှတ်ထိုး​ပေးရုံကလွဲ၍ ကျန်ကိစ္စအ​သေးအဖွဲများကို ​ရှေ့​နေများက​ဆောင်ရွက်​ပေး၏။

လုဇစ်ရွှိ က ဝှီးချဲ​ပေါ်တွင်ထိုင်ရင်း အဆက်မပြတ်နီးပါးကို​ချောင်းဆိုး​နေကာ မ​တွေ့ရသည့်ရက်အနည်းငယ်အတွင်း၌ ​ရောဂါ​ကြောင့် အ​တော်​လေး​ပိန်လှီချောင်ကျ​နေ၏။ဘယ်လိုပဲကြည့်ကြည့် အသက်ရှင်ရမယ့်အချိန်က သိပ်မကျန်​တော့မှန်း သိသာ​နေ၏။

​နှစ်ဖက်စလုံး အသီးသီးကိုယ်စီလက်မှတ်ထိုးပြီးသည်နှင့် ​ရှေ့​နေများဖြင့် လိုအပ်သည်များကိုစကားဖလှယ်ကြကာ ​​အောက်ထပ်သို့ဆင်းလာ၏။တံခါးဝသို့​ရောက်နှင့် လမ်းခွဲကြရ​တော့မည်ဖြစ်ကာ လုဇစ်ရွှိက ​ဝေ့ရှီ၏လက်ကို ရုတ်တရက်ဆုတ်ကိုင်လာပြီး

"​ဝေ့ရှီ...က​လေးနှစ်​ယောက်ကို ​နောက်ဆိုရင်...."

စကားပင် ဆုံး​အောင်မ​ပြောရ​သေး ဝမ်တုန်းရန်၏အချက်ပြမှု​ကြောင့် ​ဘော်ဒီဂတ်များက ​ရှေ့မှပိတ်ရပ်လိုက်၏။

လုဇစ်ရွှိက ဝှီးချဲ​ပေါ်တွင်ထိုင်​နေရင်းက အသက်ကိုတစ်ချက်ပြီးတစ်ချက်ရှိုက်၍ရှုလာသဖြင့် အိမ်အကူအမျိုးသမီးက လွယ်အိတ်ထဲအသင့်ပါလာသည့်​ဆေးဘူးကိုထုတ်ပြီး ​ပေးလိုက်မှသာ ဖြည်းဖြည်းချင်းအသက်ရှူသံမှန်လာ၏။

​ဝေ့ရှီက ထိုအချင်းအရာကိုဆက်ပြီးကြည့်မ​နေချင်​တော့သဖြင့် ဝမ်တုန်းရန်ဘက်သို့လှည့်ပြီး

Alluring [ ဘာသာပြန် ]Where stories live. Discover now