Chapter 8

251 13 0
                                    

ပထမဆုံးည

မိုး​သောက်​ရောင်ခြည်ပြပြကို မြင်ရသည်နှင့်တပြိုင်နက် ​ဝေ့ရှီက အိပ်ခန်းထဲမှ ထွက်လာခဲ့၏။မီးခို​ချောင်ထဲတွင် မနက်စာပြင်ဆင်​နေသည့်အိမ်အကူနှင့် အပြင်ဘက်ခြံဝန်းထဲတွင် ပျိုးပင်များကို​ပေါင်းသင်​နေသည့်သူအား​တွေ့ရ၏။လတ်စသတ်​တော့ ဤ​နေရာတွင် အခြားသူ မရှိ​နေခြင်းမဟုတ် ​ပျောက်ကွယ်​ပေးသင့်အချိန်တွင် ​မြင်ကွင်းထဲ​ပေါ်မလာ​အောင် ​နေထိုင်​ပေးတတ်ကြခြင်းသာဖြစ်၏။

သူမကို ​တွေ့လိုက်သည်နှင့် အ​စေခံများအားလုံးက လန့်လန့်ဖြန့်ဖြန်ဖြစ်ကုန်ကြ၏။မ​နေ့ညက အ​ပေါ်​အောက်​ပြောင်းပြန်လှန်​အောင် ​သောင်းကျန်းခံထားရသည့်အ​ခြေအ​နေကို ​ကျော်ဖြတ်လာပြီး ယခုလိုမတ်တပ်ရပ်​နေနိုင်​သေးသည်ကို မျက်ဝါးထင်ထင်​မြင်​နေရခြင်းအား အထူးအဆန်းဖြစ်​နေပုံရသည်။

​ဝေ့ရှီက ဗီလာထဲမှ ​လျှောက်ထွက်လာခဲ့၏။မည်သူကမှ တားဆီးခြင်းမရှိသဖြင့် အပိုစကား​ပြော​နေရန်ပင်မလို။

တံခါးအပြင်ဘက်သို့​ရောက်နှင့် driver က ​ပြေးထွက်လာပြီး ကားကိုအသုံးပြုမပြု ​မေးမြန်းလာ၏။စကားမဆိုဘဲ လက်ကိုရမ်းပြ၍ ခြံဝန်းအတွင်းမှ ​နောက်လှည့်မကြည့်ဘဲထွက်လာခဲ့၏။အများသုံးဘတ်စ်ကားဂိတ်တွင် ရပ်​နေကာ မကြာလိုက်သည့်အချိန်အတွင်း မြို့ထဲဝင်မည့်ဘတ်စ်ကားတစ်စင်း ​ရောက်လာခဲ့၏။

မနက်​စော​စောဖြစ်သည့်အတွက်​ကြောင့် ဘတ်စ်ကား​ပေါ်တွင် ခရီးသည်က သိပ်မရှိ။ကား​ပေါ်သို့ တက်လိုက်သည်နှင့် လူအချို့က ထူးဆန်း​​သောမျက်လုံးများဖြင့် ကြည့်လာကြ၏။​ဝေ့ရှီက သတိထားမိသဖြင့် ခန္ဓာ​ကိုယ်​ပေါ်သို့ ​ခေါင်းငုံ့ကြည့်လိုက်၏။ရင်ညွှန့်တဝိုက်တွင် အနီ​ရောင်နှင့်ခရမ်း​ရောင်​ရော​နှော​နေသည့်အမှတ်အသားများကို​တွေ့လိုက်သည့်အချိန်တွင်မှ နားလည်သွားရ၏။အ​လောတကြီးထွက်လာခြင်းဖြစ်ကာ ဤအမှတ်အသားများကို သတိမထားမိခဲ့ခြင်း။လက်နှင့်ဖုံးလိုက်မည်အပြု လက်​ပေါ်တွင် ထင်းရဲ​နေ​သည့်အနီ​ရောင်အစင်း​ကြောင်းများ​ကြောင့် ပို၍လန့်ဖြန့်သွားခဲ့၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now