အ​နောက်သို့ ဖြည်းဖြည်းချင်းပြန်လှည့်ပြီး ကိုယ့်ကိုကိုယ်နားကြားမှားသွားခြင်းဟုတ်မဟုတ်ကို ​တွေးကြည့်မိလိုက်​သေးသည်။အိပ်ရာထက်ရှိသူက ငြိမ်သက်၍အိပ်​ပျော်​နေဆဲ လူနာ​ဆောင်ကြီးတစ်ခုလုံး သူမ၏တည်ငြိမ်​နေသည့်အသက်ရှူသံများနှင့် ပြတင်း​ပေါက်အပြင်ဘက်ရှိ​လေတိုးသံ​လေးများသာ ကြား​နေရ၏။

သူ တကယ်ကိုနားကြားမှားလိုက်မှန်း သိလိုက်ပါ၏။

တစ်ကိုယ်တည်းပြုံးလိုက်မိပြီး ​ဝေ့ရှီအား နက်နက်နဲနဲ​ငေးကြည့်ကာ အခန်းတံခါးကိုပိတ်ပြီး ထွက်လာခဲ့သည်။

လူနာ​ဆောင်အပြင်ဘက်သို့​ရောက်ပြီး​နောက် တစ်ချက်ပြန်လည်လှည့်ကြည့်ပြီးမှ ​ဆက်​လျှောက်လာခဲ့၏။

လမ်းတစ်​လျှောက်လုံး သူ၏​ခြေသံများနှင့် ​ခြေ​ထောက်​အောက်မှ သစ်ရွက်​ကြွေများနှင့်သဲမှုန့်များ နင်း​ချေခံလိုက်ရသည့်အသံများကိုပါ နား​ထောင်​နေခဲ့သည်။ သူနှင့် မလှမ်းမကမ်း​နေရာတစ်ခုတွင် အ​မေတစ်​ယောက်နှင့်​ကောင်မ​လေးငယ်ငယ်​လေးတစ်​ယောက်က ​မြေကြီး​ပေါ်ရှိအရာတစ်ခုခုကို ​ကောက်ယူ​နေကြ၏။

က​လေးမ​လေးတွင် မျက်လုံးဝိုင်းဝိုင်းပြူးပြူး​လေးများရှိပြီး ​ဆောင်းရာသီ၏အ​ငွေ့အသက်များအ​ပေါ်ကို အလွန်ကိုမှစိတ်ဝင်တစားဖြစ်​နေဟန်​ရသည်။​လေညှင်းပန်းပင်ကြီး​အောက်တွင်ရပ်​နေသည့် ​ယောက်ျား​လေးတစ်​ယောက်၏ လှပလွန်း​သောအနက်​ရောင်ဇာမဏီမျက်ဝန်းတစ်စုံအား လှမ်း၍ကြည့်​နေ၏။ သူမျက်နှာချင်းဆိုင်​နေသည်က ​တောက်ပလွန်း​သော​နေ​ရောင်ခြည် အ​နောက်တွင်က နှင်းဆီ​ရောင်သန်း​နေ​သော​ကောင်းကင်ကြီးအပြင် ​လေထဲတွင်တဖွဲဖွဲပျံဝဲ​နေသည့် အဖြူ​ရောင်ခိုငှက်က​လေးများ ထိုကြားထဲမှာမှ အသံတိတ်​ကြွေကျ​နေသည့် ​ဆောင်းဦးရွက်​ကြွေတို့ ရှိ​နေ​လေ၏။

က​လေးမ​လေးက အ​မေဖြစ်သူ၏လက်ကိုလှမ်းဆွဲပြီး အသံ​သေး​သေး​လေးဖြင့်ဆိုလိုက်၏။

"​မေ​မေ...ကြည့်ပါဦး...ဟိုနားက ကိုကိုက ဘာလို့ငို​နေတာလဲ?.."

Alluring [ ဘာသာပြန် ]Where stories live. Discover now