လင်း​လော့ချွမ်က ဤအထိဖတ်လာခဲ့ပြီး ​ခေါင်းကို​မော့ကာ ပြတင်း​ပေါက် အပြင်ဘက်ရှိ​နေ​ရောင်ခြည်ကို လှမ်းကြည့်လိုက်၏။ယ​နေ့၏ ရာသီဥတုက အ​တော်​လေးကိုသာယာ​နေခဲ့သည်။

သို့​သော် ​ဝေ့ရှီထွက်လာခဲ့သည့်အချိန်က အ​ရှေ့ရပ်မှ အလင်း​ရောင်အထွက်ခင် ​အ​မှောင်ရိပ်မကုန်ဆုံး​သေးသည့် မိုး​သောက်ယံအချိန်တွင်ဖြစ်သည်။ဘတ်စ်ကားဂိတ်သို့​လျှောက်လာရာ လမ်းတစ်​လျှောက် အမှိုက်ပုံးနားတွင်စွန့်ပစ်ထားသည့် ပလပ်စတစ်​ကော်ပတ်ရုပ်​တစ်ခုကို ​တွေ့လိုက်ရ၏။တစ်ကိုယ်လုံးအဝတ်အစားမဲ့​နေပြီး ​ခြေလက်များပြုတ်ထွက်​နေကာ ​ခေါင်းက​မြေကြီးနှင့်တစ်သားတည်းထိ​နေပြီး မျက်လုံးများက ​ဝေ့ရှီဆီသို့ စိုက်ကြည့်​နေ​လေ၏။​ဝေ့ရှီက အနားသို့​လျှောက်သွားပြီး ပြုတ်ထွက်​​နေသည့်အပိုင်းအစတစ်ခုချင်းစီကို ပြန်ဆက်​ပေးကာ သူမ၏လည်တိုင်တွင်ပတ်ထားသည့် ပိုးသားပုဝါစကိုဖြုတ်ပြီး ​ကော်ပတ်ရုပ်၏လည်ပင်းတွင် ပတ်​ပေးလိုက်၏။

ဤအချိန်တွင် အ​ရှေ့အရပ်မှ​နေလုံးကြီးထွက်လာခဲ့ပြီး နှစ်​ယောက်သား၏မျက်နှာထက်ဆီသို့ အလင်း​ရောင်များထိ​တွေ့လာခဲ့သည်။​ဝေ့ရှီက အရုပ်မ​လေး၏မျက်နှာကိုကြည့်ရင်း ခပ်ဖွဖွ​လေးပြုံးမိသွားကာ မျက်ဝန်းများလည်း တဖြည်းဖြည်းရဲတက်လာပြီး လက်ဟန်ဖြင့်ဆိုလိုက်၏။

"နင် အရမ်းလှတယ်...စိတ်မ​ကောင်းမဖြစ်နဲ့​နော်.."

တကယ်​တော့​လေ ​လောကကြီးမှာရှိတဲ့ ​ငါတို့လို ယောက်ျား​လေးနဲ့မိန်းက​လေးကြားက ချစ်ခြင်း​မေတ္တာ​တွေက ဘယ်လိုပဲထပ်တူညီ​နေကြရင်​​တောင် ငါတို့မလိုချင်တဲ့ ဝမ်းနည်းခြင်း​တွေ စိတ်ညစ်​တွေက ပါလာရဦးမှာပဲ...စိတ်မ​ကောင်းစရာက နင် ငါ့ကို ထပ်ပြီးနာကျင်ရ​အောင်လုပ်​နေတုန်းပဲ အရမ်းအရမ်းကို နက်နက်ရှိုင်းရှိုင်းဖြစ်သွားတဲ့ထိကို နာကျင်​စေခဲ့တာ...ဖြစ်နိုင်တာက အစကတည်းက​နေအခုချိန်ထိ ကံကြမ္မာကိုအစိုးရတဲ့နတ်ဘုရားက ငါတို့နှစ်​ယောက်ကို လုံးဝဂရုမစိုက်ခဲ့တာနဲ့တူတယ်...ငါတို့နှစ်​ယောက် ပထမဆုံး​တွေ့ခဲ့တဲ့အကြိမ်ကတည်းက​​နေမှာ...နင်က ရည်ရွယ်ချက်တစ်ခုနဲ့ငါ့အနားကို​ရောက်လာခဲ့ပြီး ငါ့ကို အနိုင်ကျင့်ခဲ့တဲ့အတွက်​ကြောင့် အထက်​ကောင်းကင်နတ်မင်းကြီးက ဒီတစ်သက် ဒီတစ်ဘဝမှာ ငါတို့နှစ်​​ယောက်အတွက် ဆုံဆည်း​ပေးဖို့ ကံကြမ္မာကိုမ​ပေး​တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တာနဲ့တူပါတယ်...

Alluring [ ဘာသာပြန် ]Where stories live. Discover now