ဤအ​ခြေအ​နေမျိုးကို ရူ​​ဖေးအား မမြင်မ​တွေ့​စေလို။အဝတ်အစားများ​ကောက်ဝတ်ပြီး​နောက် ဘယ်အရပ်ဆီသို့ ​ခြေဦးတည့်ရမှန်းမသိဘဲ ထွက်လာခဲ့၏။

တစ်ကိုယ်တည်း မိုး​ရေ​အောက် ​မှောင်မည်းပြီး​အေးစက်​နေသည့်လမ်းမကြီးထက် ​လျှောက်ရင်း ​လျှောက်ရင်း အချိန်ဘယ်​လောက်ကြာသွားခဲ့မှန်းမသိ အ​​အေးဒဏ်​ကြောင့် နှုတ်ခမ်းများ တဆတ်ဆတ်ရိုက်ခတ်လာကာ ပင်ပန်းပြီးအိပ်ချင်လာ​တော့သည်။မှတ်မိလိုက်သည့်တစ်ခုတည်း​သောအရာက ​နောက်ဆုံးတွင် ​နွေး​ထွေး​သော​နေရာတစ်ခုဆီသို့​လျှောက်သွားခဲ့ပြီး ထို​နေရာတွင် မိုး​ရေစက်များမရှိဘဲ သန့်ရှင်းသပ်ရပ်​နေခဲ့သည်။အလွန်ကိုမှ ပင်ပန်းလွန်း​နေပြီဖြစ်၍ နူးညံ့​ပျော့​ပျောင်းသည့်​နေရာကို​တွေ့​​တွေ့ချင်း လှဲချကာ အိပ်​ပျော်သွားခဲ့၏။

စိတ်ထဲတွင်​တွေးလိုက်မိသည်ကလည်း ; ဒီမြို့​တော်ကြီးရဲ့ညတာ​တွေက ရှည်လွန်းလိုက်တာ..အကယ်၍မနက်ဖြန်ကသာ ​နေသာတဲ့​နေ့တစ်​နေ့ဖြစ်​နေရင်ပဲ ​ကျေနပ်ပါပြီ...

နိုးလာသည့်အချိန်တွင်​တော့ ရာသီဥတုက တကယ်ကို ​နေသာပြီးကြည်လင်သည့်​နေ့တစ်​နေ့ ဖြစ်​နေခဲ့သည်။​ဘေးနားတွင် အိပ်​နေသည့်သူကိုမြင်လိုက်ရမှ ကိုယ့်အဖြစ်ကိုယ် ပြန်​တွေးပြီးသတိရလာ၏။လက်စသတ်​တော့ လင်း​လော့ချွမ်၏ဗီလာသို့ ​ရောက်မှန်းမသိ​ရောက်လာခဲ့မိခြင်းဖြစ်ပြီး သူ​ပေးထားသည့်​သော့နှင့်ဖွင့်၍ သူများ၏အိပ်ရာ​ပေါ်၌ ​မိုးလင်း​နေလင်းသည်အထိပင် အိပ်လိုက်​သေး၏။

"အရမ်းပင်ပန်း​နေလို့လား..ခဏ​လောက် နားကြမလား.."

ထိုင်ခုံ​ပေါ်တွင်ထိုင်ပြီး ​မော်ဒယ်တစ်​ယောက်လိုသရုပ်​​ဆောင်နေသည့်လင်း​လော့ချွမ်က သူမ၏ တစ်ခါတစ်ခါစိတ်နှင့်ကိုယ်နှင့်မကပ်သလို အကြည့်များမှင်​သေ​နေပြီး တစ်ခါတစ်ခါ ပန်းချီဘုတ်ပြား​ပေါ်​ကြောင်အမ်း၍ကြည့်​နေခြင်း​ကြောင့် စိတ်ထဲ၌ မ​နေ့ညက ​ကောင်း​ကောင်းအနားမယူရ​သေးသည်ဟု ထင်မှတ်သွားခဲ့၏။

​ဝေ့ရှီဘက်မှတုန့်ပြန်လာခြင်းမရှိသည့်အပြင် ​ခေါင်းငုံ့ပြီး လက်နှစ်ဖက်စလုံးကိုပါ ​အောက်ချ၍ ပန်းချီဆွဲရာတွင်သုံးသည့်ခုံအမြင့်​ပေါ်တွင်ထိုင်​နေကာ ပို၍ပို၍သနားစရာ​ကောင်းသည့်ဟန် ​ပေါက်လာ​တော့သည်။

Alluring [ ဘာသာပြန် ]Where stories live. Discover now