"ဒီ​နေ့ မင်းကို အပြင်ထွက်ဖို့လာ​ခေါ်တဲ့အ​ကြောင်းက မင်းကို​ပေးစရာ​​လေးရှိလို့.."

​ဝေ့ရှီက အ​နောက်သို့တစ်ချက်ပြန်ကြည့်လိုက်လျှင် လင်း​လော့ချွမ်က လှမ်းဆွဲထားသည့်လက်ကိုချက်ချင်းလွှတ်​ပေးလိုက်ပြီး ​သော့တစ်​ချောင်းကိုထုတ်၍ သူမ၏လက်ထဲထည့်​ပေးလိုက်၏။

"ဒါ ကိုယ့်အိမ်​သော့..မင်း အရင်တစ်​ခေါက်က ​ရောက်ဖူးတဲ့​နေရာ​လေ..​နောက်ဆို အိမ်တံခါးဖွင့်ဖို့​သော့​မေ့​သွားတာမျိုးရှိရင် ကိုယ့်အိမ်မှာသွား​နေ​နေ...ညအိတ်ဝတ်စုံနဲ့ တစ်​​ယောက်တည်း လမ်း​မပေါ်မှာ​လျှောက်သွားမ​နေနဲ့...ပြီး​တော့ ဒါ.."

ပန်းထိုးထားသည့်အိတ်​သေး​သေးတစ်လုံးကို ထုတ်လာပြီး အိတ်ထဲမှ စာရွက်အပိုင်းအစတစ်ခုထုတ်၍ သူမဆီ လှမ်း​ပေးလာ၏။

​ဝေ့ရှီ​ခေါင်းငုံ့ကြည့်လိုက်ရာ ​စာရွက်​ပေါ်​ရေးထားသည့်က လင်း​လော့ချွမ်၏ကုမ္ပဏီလိပ်စာ ၊ အခြားဗီလာ၏လိပ်စာ ၊ ထို့အပြင် သူ၏လက်ကိုင်ဖုန်းနံပါတ် ၊ ကုမ္ပဏီဖုန်းနံပါတ် ၊ ရုံးဖုန်းနံပါတ် စသည့် ဆက်သွယ်လို့ရမည့်နည်းလမ်းမျိုးစုံကို​ရေးထား၏။ထပ်ပြီး မှတ်ချက်အ​နေဖြင့် ​အောက်ဖက်တွင်​ စာလုံး​သေး​သေး​လေးများဖြင့် ရေးထား​သေး၏ ; ဒီ​ကောင်မ​လေးက ​မေ့တတ်ပြီး လမ်း​ပျောက်လွယ်ပါတယ်။တကယ်လို့များ လက်ခံရရှိထားရင် အုပ်ထိန်းသူကို အမြန်ဆုံးဆက်သွယ်​ပေးပါ။ အုပ်ထိန်းသူဘက်က ထိုက်ထိုက်တန်တန်ကို ​ကျေးဇူးပြန်ဆပ်မှာပါ။ မ​တော်လို့များ ဒဏ်ရာအနည်းအများပါလာခဲ့ရင် အုပ်ထိန်းသူက အဆုံးထိလိုက်စုံစမ်းစစ်​ဆေးမှာမလို့ အနာတရမလုပ်မိခင်​သေချာစဥ်းစား​စေချင်ပါတယ်။

​ဝေ့ရှီက ဖတ်​နေရင်း သ​ဘောတကျထရယ်​လေသည်။လင်း​လော့ချွမ်က ထိုစာရွက်အပိုင်းအစကို ပန်းထိုးအိတ်ထဲသို့ပြန်ထည့်ပြီး ​ဝေ့ရှီ၏လည်ပင်းတွင် လွယ်​ပေးလိုက်၍

"စာရွက်ကို ပလပ်စတစ်​လောင်းထားပြီးသားမလို့ မိုးစိုမှာကို စိတ်ပူစရာမလိုဘူး..​နောက်ဆို ​နေ့တိုင်းလွယ်ထား..မ​တော်လို့များ လမ်း​ပေါ်​ရောက်​နေတုန်း ​ရောဂါ​ဟောင်းပြန်ထလာရင် ​ခေါင်းငုံ့ပြီးကြည့်ရင်ကို ရပြီ...မင်းကို ကူညီ​ပေးမယ့်သူရှိမ​နေရင်​​တောင် မင်းဘာသာမင်း ကိုယ့်ကို ရှာလို့ရတယ်​လေ..ထပ်ပြီး လမ်း​ပျောက်​နေ​တော့မှာမဟုတ်ဘူး.."

Alluring [ ဘာသာပြန် ]Where stories live. Discover now