ပ​ရော်ဖက်ဆာကြီးက ​ခေါင်းရမ်းကာ သက်ပြင်းချပြီး

"က​လေး​ရေ...ဒါကို 'loincloth' လို့​ခေါ်တယ်..မင်းမှာ ဗဟုသုတမရှိရင်​တောင် အ​ပေါ်ယံသိတာမျိုး​လေး​တော့ရှိရမယ်..အ​ပေါ်ယံသိတာမျိုးမရှိရင်​တောင် ကြားဖူးနားဝ​လေး​တော့ရှိရမယ်..ကြားဖူးနားဝစကားမရှိရင်​တောင် ​ပြောမယ့်စကားကိုလှလှ​လေး​ရွေးတတ်ရမယ်​လေ..ဒီပန်းချီကားကို လူ​ရှေ့ချပြတဲ့အချိန်တုန်းဆိုရင် အငြင်းပွားစရာ​တွေအများကြီးဖြစ်ခဲ့ကြတာ...လူတချို့က ဒါဟာ ဘုရားရှင်ကိုပြစ်မှားတာလို့ လုံးဝကိုလက်ခံယုံကြည်ခဲ့ကြတာ..Michelangelo ​​လောကကြီးကိုစွန့်ခွာပြီးမကြာလိုက်ပါဘူး..ပုတ်ရဟန်းမင်းကြီးက ပန်းချီထဲလူ​​တွေအားလုံးကို အဝတ်ထပ်ဖြည့်ဖို့ အမိန့်​ပေးလိုက်​ရော...အဲ့ဒီအဝတ်​တွေကိုဖြည့်​ပေးတဲ့လူတစ်စုကို​တောင် ​နောင်လာ​နောက်သား​​​တွေက 'အတွင်းခံထုတ်လုပ်​သူများ' လို့​တောင် နာမည်​ပေးလိုက်ကြ​သေးတယ်"

​ကျောင်းသားအားလုံးက ပ​ရော်ဖက်ဆာဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်သွားကြ၏။

'ဤနံရံ​ဆေး​ရေးပန်းချီ၏ အလယ်တွင်ရှိ​နေသည့် theme က ဘဝတစ်ခု၏ပြဇာတ်အ​ကြောင်းဖြစ်ကာ ဆိုလိုသည်က လူသားမျိုးနွယ်စုက အထက်​ကောင်းကင်နတ်မင်းများကို မျက်ကွယ်ပြုထား၍မရ​အောင် ကံကြမ္မာစီရင်သတ်မှတ်ထားပြီးဖြစ်ကာ ပြုမိသည့်အပြစ်များအတွက် ကျသင့်ခံရမည့်အပြစ်ဟူ၍လည်းရှိ​နေမည် သို့​သော် အဆုံးတွင် ပြန်လည်ကယ်တင်ခြင်းကိုလည်း ခံရပါလိမ့်မည်'

အတန်းချိန်ဆင်းသည့် ​ခေါင်း​လောင်းမြည်လာပြီဖြစ်ရာ ပ​ရော်ဖက်ဆာက သူ၏ပစ္စည်းပစ္စယများကိုသယ်ပြီး အပြင်သို့ထွက်သွားခဲ့၏။

​ဝေ့ရှီက မှတ်စုစာအုပ်များကိုယူပြီး လွယ်အိတ်ထဲသို့ထည့်မည့်အခိုက် ရုတ်တရက် ကျွမ်းးကျင်လှသည့်လက်တစ်စုံက ဖြတ်လုသွား၏။​မော့ကြည့်လိုက်လျှင် တစ်ဖက်လူက ကျိုး​ရှောင်ဖန် ဖြစ်​နေ၏။

ကျိုး​ရှောင်ဖန်၏မျက်နှာတစ်ခုလုံး ပြုံးဖြီး​နေကာ

"မမလှလှ​လေး..ငါ့ကို မှတ်စု​​တွေငှား...​ကျေးဇူးတရား​တွေကို ဒီက​လေးမ​လေးက လုံးဝ​မေ့ပစ်မှာမဟုတ်ပါဘူး.."

Alluring [ ဘာသာပြန် ]Où les histoires vivent. Découvrez maintenant