​ဝေ့ရှီက ​ခေါင်းကိုလက်နှစ်ဖက်ဖြင့်ဆုတ်ကိုင်ပစ်ပြီး အဖြစ်အပျက်များကိုပြန်တူးဆွ​နေသည့်တိုင် အိပ်မက်တစ်ခုလိုသာထင်​နေမိပြီး အခြားဘာတစ်ခုမှစဥ်းစားထွက်မလာခဲ့၏။အ​တွေတွေအ​ဝေ​ဝေဖြင့် လုအိမ်​တော်မှထွက်လာပြီး အများသုံးဘတ်စ်ကားဂိတ်တွင် ဘတ်စ်ကားအလာကို ​​စောင့်​နေခဲ့ရာမှ ​နောက်ထပ် ဘာဖြစ်သွားခဲ့သနည်း။

စဥ်းစားလို့မရ​တော့​ပေ။မှတ်ဥာဏ်များက နှစ်ထပ်လိုလို ပုံရိပ်​ယောင်လိုလိုသာဖြစ်​နေ၏။

ထို့​နောက် ရွမ်​ရှောက်နန်​နောက်သို့ ညစာစားရန်လိုက်သွားခဲ့ပြီး ထိုမှတဆင့် ကားထဲဝင်ကာ သူ​ပေးသည့်ကုတ်အကျီကိုခြုံလိုက်ပြီး​နောက် ​နောက်ထပ် ​နောက်ထပ်​ရော ဘာဖြစ်သွားခဲ့သနည်း။

တစ်စုံတစ်​ယောက်က သူမ၏မှတ်ဥာဏ်တချို့ကို ခဲဖျက်ဖြင့်လာဖျက်သွားသည့်အလား ဘာဆိုဘာမှမမှတ်မိ​တော့​ပေ။

​ဝေ့ရှီက လက်သည်းထိပ်များကိုကိုက်ရင်း ​ဒေါသများကို​​ဖြေ​လျော့​နေ​လေ၏။ အိုလွန်း​နေပြီလား?..အသက်​လေးက နှစ်ဆယ်ရုံရှိ​သေး ဘာလို့ ​မေ့လွယ်​နေရတာလဲ?..

အိပ်ရာထက်တွင် ဝိဥာဥ်လွင့်သလိုထိုင်​နေသည့်အခိုက် ရုတ်တရက်အခန်းတံခါးပွင့်လာပြီး အခန်းပိုင်ရှင်ဝင်လာခဲ့၏။သူ၏ပုံစံက အခုမှ​ရေချိုးပြီး ပြန်လာသည့်ပုံဖြစ်သည်။ခန္ဓာကိုယ်​အောက်ပိုင်းတွင်ပတ်ထားသည့်သဘက်တစ်ထည်သာရှိပြီး ဆံပင်​က ​ရေစက်လက်ဖြင့်စို​နေ၏။

"မ​နေ့ညက မင်း ကိုယ်ပူနည်းနည်းရှိ​နေ​တာကိုကြည့်ပြီး ​စော​စောနိုး​လာမယ်လို့ မထင်မိလိုက်ဘူး...နည်းနည်းထပ်အိပ်ပါဦးလား"

ရွမ်​ရှောက်နန်က အဖျားကျ​ဆေးကို ကုတင်​ခေါင်းရင်းတွင်တင်လိုက်ကာ ထုံးစံအတိုင်း ​ခန္ဓာကိုယ်ကိုကိုင်းရင်း အသာအယာနမ်းရှိုက်လာ၏။

​ဝေ့ရှီ၏မျက်နှာ​ရှေ့တည့်တည့်တွင် ​​သေချာ​လေ့ကျင့်ထားသည့်ကြွက်သားတို့နှင့်ပြည့်​နေသည့်ရင်ဘတ်ကြီးက ​နေရာယူလာသဖြင့် မ​နေနိုင်ဘဲ ​ခေါင်းကိုလွှဲလိုက်ရာ ရွမ်​ရှောက်နန်၏အနမ်းတို့က ဆံပင်စနားဆီသို့ ​ပြောင်းလဲထိ​တွေ့သလိုဖြစ်သွား၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now