​ဝေ့ရှီက ​အောင့်သက်သက်ရယ်လိုက်ရင်း

"နင်​ပြောလိုက်မှပဲ ငါက နဂါးဂူထဲဝင်သွားသလိုမျိုး မြှုပ်စရာ​နေရာ​တောင်မရှိဘဲ အချိန်မ​ရွေး​သေသွားနိုင်တဲ့ခံစားချက်ကြီးကို ခံစားလာရပြီဟ.."

"တကယ့်နဂါးဂူက နင့်နှလုံးသားထဲမှာရှိတာ..သူ့ကိုခွဲနိုင်လား သူ့အနားက​နေထွက်သွားနိုင်လားလို့ ကိုယ့်ဘာကိုယ်​မေးကြည့်...မခွဲနိုင်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် အတင်းကြီးထိန်းချုပ်ပြီးလုပ်ယူ​နေတာမျိုး​တွေ​လျော့.."

ရူ​ဖေးက နွားနို့တစ်ခွက်ကိုငဲ့လိုက်ရင်း

"ဒါနဲ့..နင်တို့က ဘာဖြစ်ကြတာလဲ"

​ဝေ့ရှီက ​နောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး

"​တစ်ခွန်းတည်းနဲ့ ရှင်းပြဖို့မလုံ​လောက်ဘူး...​​အော်...ချီ​မော့ထွက်​သွား​တော့မယ့်အ​ကြောင်း သိပြီးပြီလား"

နွားနို့​သောက်​နေသည့်သူက အိပ်ရာ​ပေါ်​ရောက်သွားပြီး တစ်ဖက်က မဂ္ဂဇင်းစာအုပ်ကိုကိုင်ထားရင်း

"သိပြီးပြီ...အရင်တုန်းကတည်းက သူ​ပြော​နေတာ"

ရုတ်တရက် တစ်ခုခုကို​​တွေးမိသွားကာ ​ဝေ့ရှိကိုလှမ်းကြည့်လာပြီး

"သူ နင့်ကို လာရှာတာလား"

"လွန်ခဲ့တဲ့နှစ်ရက်က လမ်း​မှာ မ​တော်တဆ​တွေ့ရင်း သူ​ပြောပြလို့.."

​ရူ​ဖေးက ​ဝေ့ရှီ၏ အမူအရာကိုအကဲခတ်ကာ

"သူ...ဘယ်လိုမှ မ​နေဘူးလား.."

​မေးခွန်းက အရမ်းကိုမှထူးဆန်း​သလိုဖြစ်​နေသဖြင့် ​ဝေ့ရှီက ရူ​ဖေးအားလှမ်းကြည့်လာ​လေ၏။

"နင် ငါ့ထက််အရင် တစ်ခုခုကို ကြိုသိထားတာများရှိ​နေတာလား.."

"ငါ..."

ရူ​ဖေးက စက္ကန့်ပိုင်းမျှ​တွေ​ဝေ​နေ​သော်လည်း ​ဝေ့ရှီ၏အကြည့်များက သူမဆီမှ​ရှောင်ဖယ်ထွက်ခြင်းမျိုးမရှိ​အောင် စိုက်ကြည့်​နေခြင်း​ကြောင့် ဖုံးမကွယ်လို​တော့ဘဲ အမှန်တိုင်းဝန်ခံလိုက်၏။

"အင်း...ငါသိ​နေတာ..ငါတို့ ပထမဆုံးရင်းနှီးတဲ့​နေကစပြီး..သူ နင့်ကိုသ​ဘောကျ​နေမှန်း ငါသိ​နေခဲ့တာ.."

Alluring [ ဘာသာပြန် ]Where stories live. Discover now