"မင်း မသိလို့​..ငါဆိုတဲ့လူဆီမှာ ဝါသနာတစ်မျိုးရှိတယ်​...​လျှောက်သွား​နေတတ်တဲ့ ​ခွေး​ပေါက်​လေး​တွေ ​ကြောင်​ပေါက်​လေး​တွေကို ​သ​ဘောကျရင်ကျသလို ကောက်ယူသွားတတ်တာ​လေ"

ချီ​မော့က သွားဖြူဖြူ​လေးများ​ပေါ်​အောင် ပြုံးပြ၏။​နေ​ရောင်​အောက် ​မော်​တော်ဆိုင်ကယ်​ပေါ်တွင်ထိုင်ပြီး ဂျုံလိုဖြူ​ဖွေး​နေသည့်အသားအ​ရေနှင့်ခန့်ညားသည့်မျက်နှာတို့ပါ ​ပေါင်းလိုက်လျှင် ​ကြေငြာဆိုင်းဘုတ်များ​ပေါ်က ​မော်ဒယ်အလားပင် ထင်ရ​လောက်မည်။

"​တိရိစ္ဆာန်​တွေကို ချစ်လည်းမချစ်တတ်ဘဲနဲ့ ​ကောက်သွားပြီး ဘာလုပ်တာလဲ"

"​ကောက်သွားပြီး ချက်စားတာ​လေ..အရသာရှိမှရှိ.."

​ဝေ့ရှီက ​အောင့်သက်သက် ရယ်ပြလိုက်ရ​လေ၏။

"ဘာလုပ်​နေတာလဲ.." ချီ​မော့က​မေး၏။

​ဝေ့ရှီက ပုခုံးနှစ်ဖက်ကို တစ်ချက်ပင့်လိုက်ပြီး

"ဘယ်မှသွားစရာမရှိလို့ ဒီအတိုင်း ​လျှောက်သွား​နေတာ.."

ချီ​မော့က helmet ​နောက်တစ်လုံးထုတ်ကာ ​ဝေ့ရှီဆီသို့ပစ်​ပေးလိုက်၍

"ဒါဆိုအ​တော်ပဲ..သွားစို့..ငါ မင်းကို ​လေညှင်းခံဖို့ ​ခေါ်သွား​ပေးမယ်.."

>>>>>>>

ချီ​မော့က ​နေ​ရောင်ထိုး​နေသည့်ပင်လယ်ကမ်းစပ်နားတွင် ဆိုင်ကယ်ကိုရပ်လိုက်၏။ဤ​နေရာက ပင်လယ်ကမ်းစပ်မြို့တစ်ခုလုံးရှိ အလှဆုံး​သော​နေရာဆိုလည်း မမှား။

နှင်းပွင့်များနှင့်ဆင်တူလွန်းလှသည့် အဖြူ​ဖျော့​ဖျော့သဲ​သောင်ပြင်၊ မြစိမ်း​ရောင် ပင်လယ်နှင့်ကုန်း​မြေထိစပ်ရာအနားသတ်များ၊ နေ​ရောင်​ကြောင့် တလက်လက်​ထ​နေ​သော ပင်လယ်လှိုင်းလုံးတို့က မဂ္ဂဇင်းဓါတ်ပုံများအတွင်းမှ ခုန်ထွက်ဘာသည့်အတိုင်းပင်။

နှစ်ဦးသား ​ရွှေဝါ​ရောင်ကမ်း​ခြေစပ်တွင်ထိုင်လျက် ပုခုံးသားချင်းထိစပ်ကာ ကိုယ်စီ အမှီသဟဲပြုရင်း မ​ဝေး​သော​နေရာမှ ပင်လယ်ကြီး၏​တေးသီသံကို နား​ထောင်​နေကြ၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now