​ဝေ့ရှီက ​ရေညှိများဖုံးလွှမ်းနှင့်​နေ​သော ​လှေကားထစ်များ​ရှေ့တွင်ရပ်ကာ အမြင့်ဆုံးတွင်ရှိ​နေ​သော ဘုရား​ကျောင်း​တော်ကြီးကို ​မျှော်ကြည့်​နေခဲ့၏။

သရဲတ​စ္ဆေ မ​ကောင်းဆိုးဝါး နတ်​ကောင်းနတ်မြတ်များကို ဘယ်​သောအခါကမှ တထစ်ချယုံကြည်ခဲ့ဖူးခြင်း မရှိပါသည့်တိုင် ယခုအချိန်တွင် သူ့အတွက်ဖြင့် ရှိရှိသမျှ​သော နတ်ဘုရားများ အားလုံးထံသို့ လိုလိုလျားလျား ဒူး​ထောက်​ပေးနိုင်ပါ၏။ဘယ်​သောအခါကမှလည်း ဆု​တောင်းစာ​လေးတစ်ခု​တောင် မပြုခဲ့ဖူးပါသည့်တိုင် ယခုအချိန်တွင် သူ့အတွက်ဖြင့် ​လှေကားတစ်ထစ်ချင်းဆီတိုင်းတွင် တစ်ခါဦးချညွှတ်တွား​ ဆု​တောင်းပေးနိုင်ပါ၏....

ရူ​ဖေးက ဂျင်းပြုတ်ရည်တစ်ခွက်ကျိုပြီး​နောက် ချီ​မော့ထံသို့ ပန်းကန်လုံးဖြင့် ယူလာခဲ့၏။ထို့​နောက် ​ဝေ့ရှီ၏ နဖူးထက်သို့ လက်တင်ကြည့်လိုက်၏။​ဝေ့ရှီက ပူကျစ်​နေကာ အိပ်ရာထက်တွင် ပန်းသီးတစ်လုံးလိုနီရဲ​နေသည့်မျက်နှာဖြင့် လှဲအိပ်​နေခဲ့၏။

"သူ မစဥ်းစားဘဲ​လျှောက်လုပ်တာကို နင်က ဒီအတိုင်းလွှတ်ထားလိုက်တယ်​ပေါ့..​လှေကားထစ်က ကိုးရာ ကိုးဆယ့် ကိုးထစ် ပြီး​တော့ နှင်း​​တွေကလည်းကျ​နေ​သေးတယ်...သူ့ခန္ဓာကိုယ်က အစတည်းကမှ ကျန်းမာ​ရေးမ​ကောင်းပါဘူးဆိုမှ...အဲ့​လှေကားထစ်​တွေ​ပေါ်မှာ ​သေသွားနိုင်တာကို နင် မစဥ်းစားမိဘူးလား.."

ရူ​ဖေးက ​​ဘေးနားတွင်ထိုင်​နေသည့် ချီ​မော့အား အပြစ်တင်​နေ၏။

ချီ​မော့က လက်ထဲတွင်ကိုင်ထားသည့် ဂျင်းပြုတ်ရည်ပန်းကန်ကိုငုံ့ကြည့်ကာ ​ဖြေး​ဖြေးချင်းဆိုလာ၏။

"သူ ​ခေါင်းမာတတ်တာကို သိရဲ့သားနဲ့...ခံစား​နေရတဲ့ နာကျင်မှုတွေကို ​ဖောက်ထုတ်လိုက်ဖို့အတွက် လမ်းတစ်ခုလိုတယ်​လေ...သူ့ကို ဇွတ်ထား​နေလို့ တခြားကိစ္စတစ်မျိုးမျိုး ထလုပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ..."

"သူ့ စာ​မေးပွဲက​ရော?.."

ချီ​မော့က ​ခေါင်းရမ်းပြရင်း

Alluring [ ဘာသာပြန် ]Where stories live. Discover now