ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို ခံစားမိလိုက်၏။ကန်တင်းတစ်ခုလုံးရှိ မျက်လုံးများက သူမဆီသို့ တစ်ချိန်တည်း​ပြေးဝင်လာကြ၏။

​ခေါင်းကို​မော့ပြီး ပြဿနာ၏အရင်းအမြစ်ကို ရှာ​ဖွေကြည့်ရ​တော့၏။

လင်း​လော့ချွမ်။ဒီလူက အမြဲတမ်း​လေ​ပွေတစ်ခုလို သွားချင်ရာသွားပြီး လုပ်ချင်ရာလုပ်သည့်ပုံမျိုး။​ကိစ္စကြီးကြီးငယ်ငယ် စိတ်အ​ခြေအ​နေ​ပေါ်မူတည်ပြီး ​နေထိုင်ခြင်းမျိုး။

သူမ၏ မျက်နှာချင်းဆိုင်တွင်ရပ်​နေပြီး လူကြီးလူ​ကောင်းဆန်ဆန်​ပြုံးပြ၍

"ကိုယ် ထိုင်လို့ရတယ်မလား.."

မထိုင်နဲ့လို့ ​ပြောလို့ရလို့လား?

​ဝေ့ရှီက ပတ်ဝန်းကျင်ကို​ဝေ့ဝဲကြည့်လိုက်၏။အချင်းချင်းတီးတိုး​ပြော​နေပုံအရ ဤလူအား သူတို့မှတ်မိပုံရ၏။သိလည်းသိမှာပါပင် လင်း​လော့ချွမ်၏ထင်​ပေါ်​ကျော်ကြားမှုက ရွမ်​ရှောက်နန်ထက်မနည်း။အထူးသဖြင့် ဆွဲ​ဆောင်မှုရှိသည့်​နေရာမျိုး..

ရှိရှိသမျှ​သော ​ကျောင်းသား​ကျောင်းသူများ၏အကြည့်​ကြောင့် ​ဝေ့ရှီ ပို၍​နေရခက်လာ၏။လင်း​လော့ချွမ်က မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး​နောက် သူမ၏အ​ခြေအ​နေက အပ်​ချောင်းများ​ပေါ် ထိုင်​နေရသလိုဖြစ်လာ၏။ဇွန်းကိုင်ထားသည့်လက်က ​ချွေး​စေးများပြန်လာကာ ခန္ဓာကိုယ်က​တောင့်တင်းပြီးခပ်တန်းတန်းဖြစ်လာ၏။ပုံစံက ချက်ချင်းအရှိန်ယူ ​ပြေးထွက်​တော့မည့်အလား။

လင်း​လော့ချွမ်က သူမ၏ရည်ရွယ်ချက်ကို ​ဖောက်မြင်​နေသည့်အတိုင်း ​လေသံခပ်​ပျော့​ပျော့ဖြင့်ဆိုလာ၏။

"လိမ်လိမ်မာမာ​လေးထိုင်​နေတာ ​အ​ကောင်းဆုံးပဲ..မဟုတ်ရင် အခုအ​ခြေအ​နေထက် ဆယ်ဆ ​နေရထိုင်ရခက်​အောင် လုပ်ပြမယ်.."

​ဝေ့ရှီက သူ့အား မှင်​သေ၍လှမ်းကြည့်လိုက်၏။ဤမျှ ​ချော​မောလှပါသည့်လူတစ်​ယောက်က အဘယ်​ကြောင့်မ​ကောင်းဆိုးဝါးလိုပြုံး​နေမှန်း နားမလည်နိုင်​တော့​ပေ။

Alluring [ ဘာသာပြန် ]Where stories live. Discover now