​ဝေ့ရှီ၏ပြတ်ပြတ်သားသား​ပြောလာသည့်စကား​ကြောင့် ရူ​​ဖေးက အနည်းငယ်အံ့သြသွားရ၏။

"ဘာလို့လဲ..."

"ဒီ​လောကကြီးထဲမှာ ကံတရားကအလိုလိုပြန်လည်ပြီးလက်စား​ချေတယ်ဆိုတာမျိုး မရှိဘူး...​ထောင်​ချောက်ဆင်ပြီး ​ထောင်ဖမ်း​နေကြတာ...​ကောင်မ​လေးသာ အသက်ရှင်လျက်သတိရလာရင် ​ထောင်ဒဏ်က ၃နှစ်က​နေ ၇နှစ်ထိပဲ...တကယ်လို့သာ နစ်နာသူဘက်က​သေဆုံးသွားမယ်ဆိုရင် ပြစ်မှုကကြီးသွားပြီ....​ထောင်​ချောက်ဆင်ထားတဲ့သူ လိုချင်တာက ​ထောင်ဒဏ်​တွေပြစ်ဒဏ်​တွေမဟုတ်ဘူး..လုဇယ်ရှီကိုအ​သေလိုချင်တာ...​ကောင်မ​လေးကိုသာ အသက်ရှင်​လျက်ကယ်လိုက်ရင် သူဆင်ထားတဲ့​ထောင်​ချောက်က အဓိပ္ပါယ်မရှိဖြစ်သွားမှာ​ပေါ့.."

ရူ​ဖေးက ရုတ်တရက်တစ်ခုခုကိုနားလည်သလို ​ကြည့်လာ၏။

"ရွမ်​​ရှောက်နန်...နင်သူ့ကို သံသယဝင်​တာလား"

​​ဝေ့ရှီက ​ခေါင်းရမ်းပြပြီး

"သံသဝင်တာမဟုတ်ဘူး...ငါ​သေချာသ​လောက်ကိုထင်​နေတာ...လုဇယ်ရှီက တကယ်ကိုလူယုတ်မာတစ်​ယောက်ဆို​ပေမယ့် တုံးအ​နေတဲ့​ကောင်မျိုးမဟုတ်ဘူး..သူက လက်ရဲသလို ဦး​နှောက်လည်း​ကောင်းတယ်...ငယ်ငယ်ကတည်းကကို တခြားသူ​တွေကိုယှဥ်ပြီး တက်လာခဲ့တဲ့သူမျိုး...ကြီးလာရင် ပို​တောင်​တော်လာဦးမှာပဲ​လေ...ဘယ်လိုလုပ်ပြီး အခြားသူတစ်​ယောက်ရဲ့​ချောက်ချတာကို လွယ်လွယ်ခံရမှာလဲ...သူ သတိမထားမိတဲ့အချိန်မျိုးမှာတိုက်ခိုက်လိုက်တယ်ပဲထား...လုအိမ်​တော်ကြီးက နှစ်​တွေအကြာကြီးအာဏာစက်​တွေကြီးမား​နေခဲ့တာ အကူအညီ​ပေးမယ့်သူ​တွေအများကြီးရှိ​နေမှာပဲ...သတင်းက ဘယ်လိုနည်းနဲ့မှ ဒီလိုမြန်မြန်ပျံ့သွားနိုင်မှာမဟုတ်ဘူးလေ..."

ရူ​ဖေးက ဆက်၍

"ရွမ်​ရှောက်နန်က နင့်အစ်ကိုကြီးကို လူမျိုးကို​တောင်မှ လက်ဖဝါး​ပေါ်တင်ပြီး ကစားနိုင်တယ်ဆို​တော့ တကယ်ကို သူကပိုအာဏာပြင်းတာ​ပေါ့..."

"ဖြစ်နိုင်တာ​နောက်တစ်ခုက...​ထောင်​ချောက်ဆင်တဲ့သူက သူတစ်​ယောက်ထဲမဟုတ်မှာကိုပဲ..."

Alluring [ ဘာသာပြန် ]Where stories live. Discover now