အင်အားအလုံးအရင်းဖြင့် တိုက်ခတ်လာသည့်​လေက ရုတ်တရက်ရပ်တန့်သွားခဲ့၏။ဤအဖြစ်အပျက်က ​ဝေ့ရှီအား လမ်းမကြီးမှ​ဖြတ်သွားဖြတ်လာလူတစ်​ယောက်လို တစ်ခဏအတွင်း​မေ့​ပျောက်သွားခဲ့ခြင်းလား။

ရူ​ဖေးအ​နေဖြင့် ဤလုပ်ရပ်အား ရွမ်​ရှောက်နန်၏လက်တုန့်ပြန်ခြင်းဟု သတ်မှတ်​ပေးရမည်ဆိုလျှင် အောင်မြင်သွားလား ရှုံးနိမ့်သွားလား ဆိုသည့်အ​ဖြေကို​တော့ သူမကိုယ်တိုင်လည်းမ​ဖြေတတ်​ပေ။

​ဝေ့ရှီက ထိုသူ၏​ကောလဟာလသတင်းများ​ပေါ်တွင်လည်း ဘယ်​သောအခါမှ မှတ်ချက်​ပေး​နေခြင်းမျိုးမရှိ စိတ်ပျက်သွားသည့်ဟန်မျိုးလည်းမရှိ ​ပျော်ရွှင်သွားသည့်ဟန်လည်းမရှိ။ တစ်မျိုးတည်းသာရှိ​နေခဲ့၏။ တီဗွီမျက်နှာပြင်ထက်တွင်​ပေါ်လာသည့်သူအား ​တစ်စုံတရာကို​ပျောက်ရှသွားခဲ့သည့်အရာတစ်ခုလို ​ငေး​မောကြည့်​နေခြင်းသာရှိ၏။

​ဝေ့ရှီ၏ဤအ​ခြေအ​နေကိုကြည့်ပြီး ရူ​ဖေးအ​နေဖြင့် ​ပျော်ရမည်​​လော ဝမ်းနည်းရမည်​လော မသဲကွဲနိုင်ခဲ့၏။

သူမအ​နေဖြင့် ထို​ယောက်ျားက ​ဝေ့ရှီအတွက် ဘယ်လိုအဓိပ္ပါယ်မျိုးအထိ ရှိ​နေခဲ့မှန်း သိ​နေ​သော​ကြောင့်ပင်။သူမ၏ ငယ်ဘဝတစ်ခုစာလုံး အရွယ်​ရောက်သည့်အချိန်တစ်ခုစာလုံးအတွက် အ​ကောင်းဆုံး​သော အ​တောက်ပဆုံး​သော အ​မျှော်လင့်ဆုံး​သော အရာဖြစ်​၏။

'Alluring' ဆိုသည့်​​နေရာက အမည်နာမအတိုင်း စွဲလမ်းဖွယ်​ကောင်း​နေဆဲ။​အမဂ်လာသေခြင်း​ကြောင့်ခွဲခွာရသည်ဖြစ်​စေ မဂ်လာလက်ထပ်ခြင်း​ကြောင့်ဖြစ်​စေ ထိုအရာများက အပြင်​လောကသက်သက်တစ်ခုဖြစ်​နေ၏။အပြင်ဘက်တွင် ဘယ်လို​ပြောင်းလဲပြီးရိုက်ခတ်​နေကြပါ​စေ ဤ​နေရာတွင် ကခုန်ပြီးသီချင်းဆို​ပျော်မြူး​နေဆဲ။

ရွမ်​ရှောက်နန်က နဂိုကတည်းက ယခုလိုအပန်း​ဖြေသည့်​နေရာများသို့ လာ​ရောက်သည့်အကျင့်မျိုးမရှိသည်လည်းဖြစ်ကာ ​နောက်ပိုင်းတွင် သူ၏အရိပ်အ​ယောင်အား ​တွေ့ပင်မ​တွေ့ရ​တော့​​ပေ။

လင်း​လော့ချွမ်က မကြာခဏ​ရောက်လာသည့်ဧည့်သည်တစ်​ယောက်ဖြစ်ကာ ရူ​ဖေးအား ထပ်၍အ​ဖော်လုပ်​ပေးရန်မ​ခေါ်​တော့။သို့​သော် ​VIP Box သို့ အရက်ပို့​ပေးရန်တာဝန်ရှိ​နေသည့်​​ဝေ့ရှီက ထိုလူနှင့်မှ ​ရှောင်လွှဲ၍မရ​အောင် ထိပ်တိုက်​​တွေ့ကြ​လေ၏။

Alluring [ ဘာသာပြန် ]Where stories live. Discover now