​ဝေ့ရှီက အ​ပြေးအလွှားဖြင့် Box No.7 ထဲသို့​အတင်းအကြပ်ဝင်​ရောက်လာသည့်အချိန်တွင် ရူ​ဖေး၏နှုတ်လမ်း​ပေါ်တွင် ​သွေးစများ​ပေ​နှင့်နေပြီဖြစ်သည်။တစ်စက်စက်ကျ​နေသည့်​သွေးက ကြက်​​သွေး​ရောင်​ကော်​ဇော်​ပေါ်သို့ဖြစ်ကာ ပါးစပ်​ပေါ်ရှိ​သွေးစက်များပင်မကုန်စင်​သေးခင် ထို​ယောက်ျား၏လက်ဝါးက အားဖြင့်​နောက်တစ်ချက်လွှဲရိုက်လာပြီဖြစ်၍ ​ရှောင်ဖယ်လိုက်ရန်ပင်အချိန်မရှိလိုက်ဘဲ အသံကျယ်ကြီးတစ်ချက်မြည်သွားခဲ့၏။

ထို​ယောက်ျား၏လက်ဝါး​နောက်တစ်ချက် လွှဲရိုက်လာ​တော့မည်ကိုမြင်လိုက်သည်နှင့် ​ဝေ့ရှီက ​မည်သည်ကိုမျှမစဥ်းစားနိုင်​တော့ဘဲ ရူ​ဖေး၏အ​ရှေ့တွင် ဝင်ရပ်လိုက်ကာ စာက​လေးငှက်ငယ်​လေးကို မိခင်ငှက်မကြီးက ကာကွယ်​ပေးချင်သည့်အလား။ကံမ​ကောင်းစွာဖြင့် သူမရင်ဆိုင်​နေရသည်က ​လေးခွနှင့်ပစ်​နေသည့်က​လေးတစ်​ယောက်ကိုမဟုတ် မ​ကောင်းဆိုးဝါးဝံပု​လွေအုပ်ကြီးဖြစ်၏။

​ဘောဒီဂတ်နှင့်တူသည့် ထို​ယောက်ျားက အနည်းငယ်အံ့သြသွားပြီး​နောက် အ​နောက်တွင်ထိုင်​နေသည့် သူ၏သူ​ဌေးအား လှမ်းကြည့်ကာ မည်သို့ဆက်လုပ်ရမည့်အ​ကြောင်းကို အမူအရာဖြင့်​မေးမြန်းလိုက်၏။

အရပ်မြင့်သည့် ​ဘော်ဒီဂတ်လူထွားကြီးက ကာထားသဖြင့် အ​နောက်တွင်ရှိသည့်သူအား ​ဝေ့ရှီ​ ကောင်း​ကောင်းမမြင်ရကာ ပျင်းတိပျင်းရွဲဖြင့်ဆို​နေသည့်အသံကိုသာ ကြားလာရ၏။

"ငါ​ပြောပါဦး ​​လောင်​ဝေ့...မင်းရဲ့ဒီ​နေရာမှာရှိတဲ့ မိန်းက​​လေး​တွေက ​တော်​တော်သတ္တိရှိကြပါလား!..တစ်​ယောက်က ငါဖိတ်လာတဲ့ဧည့်သည်ကို အရက်နဲ့ပက်တယ်...တစ်​ယောက်က အလွယ်ဆုံးစည်းကမ်းမျိုးကို​တောင် နားမလည်ဘဲ VIP Box ကို ဝင်ချင်သလို ဝင်ရဲတယ်...မင်း​သေ​သေချာချာ မသွန်သင်ဘဲ အ​လျော့​ပေးထားလို့များ သူတို့ ဒီလိုမျိုး စည်းမရှိကမ်းမရှိဖြစ်​နေကြတာလား..."

အသံတစ်ခုက ​နောက်မှ အမြန်ဆုံးလိုက်လာပြီး

"ကျွန်​တော် သင်ပြတာညံ့ဖျင်းလို့..သခင်​လေးလင်း​ကို အပြစ်လုပ်မိသလိုဖြစ်သွားရပါပြီ..."

Alluring [ ဘာသာပြန် ]Where stories live. Discover now