Final

665 63 40
                                    




လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဟိုဆော့ hyung ကို သူ့အခန်းရှိရာ ကွန်ဒိုကိုလိုက်ပို့စေခဲ့သည်။ ကွန်ဒိုရဲ့ကားပါကင်မှာ ဟိုဆော့hyung ကိုစောင့်နေစေပြီး သူတစ်ယောက်တည်းတက်ခဲ့လိုက်တော့ ဟိုဆော့hyung က 23rd Floor အခန်းနံပါတ် 04 လို့ပြောလိုက်ပေမယ့် lift ထဲသို့ရောက်တော့ သူအလိုလိုနှိပ်လိုက်မိတဲ့နံပါတ်က 24th Floor ဖြစ်လို့နေသည်။

အိပ်မက်မက်နေတဲ့သူတစ်ယောက်လို့ ယောင်ချာချာဖြင့် lift ထဲမှာလိုက်ပါလာရင်း သူ့ကိုယ်သူပြန်သတိထားမိတော့သူရောက်နေမိတဲ့အခန်းနံပါတ်က 06 တဲ့..။

တံခါးဖွင့်ကြည့်ရကောင်းမလား . ဟိုဆော့hyung ပြောလိုက်တဲ့ သူ့အခန်းရှိရာဆီသို့ပြန်ဆင်းရကောင်းမလားတွေဝေနေပေမယ့်လဲ သူ့ရဲ့လက်ချောင်းတွေက အခန်း password တို့ကိုအလိုလိုနှိပ်နှင့်နေပြီးသားဖြစ်လို့နေသည်။

ချပ်ခနဲပွင့်သွားတဲ့တံခါးကို အံ့အားသင့်ကာငေးကြည့်နေကာ ဟိုဆော့hyung သူ့ကို မှားပြောလိုက်တာပဲဖြစ်မှာပါဟု တွေးလိုက်မိသည်။ အထဲသို့ဝင်သွားမိတော့ အခန်းက လူမနေတာကြာတဲ့ပုံစံနဲ့လုံးဝတူမနေပဲ သန့်ရှင်းသပ်ရပ်လို့နေ၏။

ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးတော့ အိပ်ခန်းနှစ်ခန်းရှိရာမှ အခန်းတစ်ခုဆီသို့သူ့ခြေလှမ်းတွေက ဦးတည်ပြီးလျှောက်သွားမိသည်။ အိပ်ခန်းထဲသို့ရောက်သွားတော့ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ ခေါင်းအုံးနှစ်လုံးနဲ့ စောင်တစ်ထည်သာရှိသည်။

'ဂျင်က ဖက်လုံးမဖက်ပဲမအိပ်တတ်ဘူး ကိုကိုရဲ့'

'ကိုကိုတစ်ယောက်လုံးရှိနေတာပဲ ဖက်လုံးမလိုတော့ပါဘူး ကလေးလေးရယ်'

ရုတ်တရက်ပေါ်လာတဲ့ ဝိုးတဝါးပုံရိပ်တွေကြောင့် ဆော့ဂျင် ခေါင်းထဲမှာမူးရိပ်ရိပ်ဖြစ်သွားရသည်။ ထပ်ပြီးရေချိုးခန်းတံခါးကိုဆွဲဖွင့်ပြီး ကြည့်မိတော့ ...

'ကိုကို ရေနွေးနွေးလေးဖြစ်အောင်စပ်ပေးထားခဲ့တယ် ဂိမ်းဆော့နေတာရပ်ပြီး ရေသွားချိုးလိုက်တော့ ကလေးလေး'

'ဟင့်အင်း ... ကိုကို ချီပို့ပေးမှချိုးမယ်'

'Aigoo... ကိုကို့ရဲ့ ခွေးပေါက်လေးကိုယ်လေးကနှစ်နေတာပဲ . နောက်ဆိုဝက်ပေါက်လေးလို့ပဲခေါ်တော့မယ်'

Love You Anymore Where stories live. Discover now