Part 3

407 61 1
                                    



ဒီရက်ပိုင်းတွေထဲမှာ ဆော့ဂျင်တို့အဖွဲ့ရိုက်ကူးရေးရှိ၍ company သို့မရောက်တာ ၁ပတ်နီးပါးရှိပြီဖြစ်သည်။ Dorm သို့ပြန်ရောက်ရင်လဲ ပင်ပန်းတာကြောင့် ထယ်နဲ့တောင်ဖုန်းမပြောနိုင်ပဲ အိပ်ရာတန်းဝင်ခဲ့သည်။ သူနဲ့ CEO မိတ်ဆွေဖွဲ့ထားတဲ့အကြောင်းအား အပြင်မှာအေးဆေးတွေ့ဖြစ်မှပြောပြမယ်လို့တွေးထားပေမယ့် Tae အားမပြောပြရသေးပေ။

ငါးရက်မြောက်နေ့မှာတော့ Tae ကသူ့ရဲ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူ့ကိုလွမ်းလှပါချည်ရဲ့ဆိုကာ ရိုက်ကွင်းရှိရာကို လိုက်လာခဲ့သည်။ Tae က အဖွဲ့ဝင်တွေနဲ့ Training ကာလကတည်းက မျက်မှန်းတန်းမိနေကာ အားလုံးကိုသူ့သူငယ်ချင်းဟုသာမိတ်ဆက်ပေးထားခဲ့သည်။

ရိုက်ကွင်းတစ်ခုလုံးစာအတွက် Burger & Drink တွေပါမှာပေးတော့ အားလုံးကပျော်နေကြသည်။ ရိုက်ကွင်းခဏနားတော့ နားနေခန်းထဲမှာသူနဲ့ Tae နှစ်ယောက်ပဲရှိတဲ့အချိန် Tae က ရတဲ့အခွင့်အရေးကိုလက်လွှတ်မခံ။

သူ့နှုတ်ခမ်းတွေကိုစိတ်ကြိုက်ခြယ်လှယ်တော့ မျက်လုံးလေးမှိတ်ကာ Tae ရဲ့ပြင်းရှရှအနမ်းတွေကိုခံယူနေရင်းမှ တစ်ယောက်ယောက်ကြည့်နေသလိုခံစားရတာကြောင့် မျက်လုံးဖျတ်ခနဲဖွင့်ကြည့်မိတော့ အခန်းတံခါးပြန်ပိတ်ကာ လှည့်ထွက်သွားတဲ့ကျောပြင်တစ်ခု...။

အဲ့ဒါ ကိုကိုမလား...သူတို့ကိုအားနာလို့ အသံမပေးပဲပြန်ထွက်သွားတာဖြစ်မယ်. ဒါမှမဟုတ် Tae ရှိနေလို့များလား။ ရိုက်ကွင်းကိုဘာကိစ္စရှိလို့လာတာပါလိမ့်...။ Tae ရင်ဘတ်ကိုတွန်းထုတ်ရင်း...

"တော်ပြီလေ Tae တစ်ယောက်ယောက်မြင်သွားရင်မကောင်းဘူး. ခုနကတောင်တစ်ယောက်လှည့်ထွက်သွားသေးတယ်"

Tae က ဂျင့်ရဲ့လက်ကလေးကို ညင်သာစွာဆုပ်ကိုင်ရင်း...

"အချစ်ကို ကိုယ်ဘယ်လောက်လွမ်းနေခဲ့ရလဲသိလား..လွမ်းတဲ့စိတ်ကြောင့် စာတွေတောင်ကိုယ့်ဦးနှောက်ထဲမဝင်တော့ဘူး"

"ငါလဲလွမ်းတာပေါ့ Tae ရယ်...ဒါပေမယ့် စာကိုတော့သေချာလုပ်နော်။ ဒီအချိန်ကငါတို့ထိုင်လွမ်းနေရမယ့်အချိန်မဟုတ်သေးဘူးလေ...အခုနေအစွမ်းကုန်ကြိုးစားထားမှ အောင်မြင်မှုရမှာ။ ငါတော့မကျရှုံးချင်ဘူး အပေါ်ထိတက်ချင်သေးတယ်"

Love You Anymore حيث تعيش القصص. اكتشف الآن