Part 17

358 53 27
                                    



ဒီနေ့ ကလေးလေးပြန်ရောက်မည့်နေ့ကျမှ အဖိုးဖြစ်သူက သူ့စက်ရုံမြေနေရာသွားကြည့်ရန် စေခိုင်းသဖြင့် သူကိုယ်တိုင်သွားမကြိုနိုင်ပေ။ လာမကြိုနိုင်တဲ့ကိစ္စအား အကျိုးအကြောင်းရှင်းပြထားတဲ့ message လေးပို့လိုက်တော့...ကလေးလေးက သူနားလည်တာမို့ စိတ်ဖြောင့်ဖြောင့်သွားပါဟု စာပြန်ပို့လာသည်။

လွမ်းလွန်းတာကြောင့် အိမ်မြန်မြန်ပြန်ချင်ပေမယ့် မပြီးပြတ်နိုင်တဲ့ကိစ္စတွေကြောင့် သူအိမ်ကိုပြန်ရောက်တဲ့အချိန်က နောက်ကျသည်။ သူပြန်ရောက်တော့ ခရီးပန်းလာလို့ထင်သည် ဟောက်သံသေး​သေးလေးထွက်ပြီး ကလေးလေးကအိပ်ပျော်နေပြီဖြစ်၏။

ကုတင်ဘေးက Bedside table လေးပေါ်မှာ notepad လေးတစ်ခုတွေ့၍ ယူဖတ်ကြည့်တော့...

'ဂျင် အရမ်းအိပ်ချင်လာလို့ မစောင့်တော့ဘူးကိုကို။ လွမ်းလွန်းတာကြောင့် ကိုကို့မျက်နှာလေးကိုအရမ်းမြင်တွေ့ချင်နေပြီမို့ ပြန်ရောက်ရင် ဂျင့်ကိုနှိုးပါနော်'

သူ သဘောကျစွာပြုံးလိုက်ရင်း ပါးဖောင်းဖောင်းလေးကို နိုးသွားမှာစိုး၍ ခပ်ဖွဖွနမ်းမိသည်။ ဘာလေးပဲလုပ်လုပ် ချစ်စရာကောင်းနေတဲ့ ဒီလူသားလေးကို သူ့မှာချစ်လို့မဝနိုင်။

"ဘာကြောင့် ဒီလောက်ထိချစ်ဖို့ကောင်းနေရတာလဲ ကင်မ်ဆော့ဂျင်။ ချစ်ရလွန်းလို့ ကိုကိုရူးတော့မယ် သိလား"

Pajama အပြာနုဝမ်းဆက်လေးရဲ့ အင်္ကျီလည်ပင်းလေးက ဟနေသဖြင့်မြင်နေရတဲ့ရင်ဘတ်ဖွေးဖွေးလေးနဲ့ ညှပ်ရိုးလေးတွေက ပြစ်မှားပစ်ချင်စရာအတိ။ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကလေးလေးကို သနားတာကြောင့် စိတ်ကိုချုပ်တည်းကာ ရေချိုးပြီးသူလဲအိပ်ယာဝင်ခဲ့သည်။

သူအိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ခွေးလေးတစ်ကောင်က သူ့အားလျှာလေးနဲ့လိုက်လျက်ကာ သူနှင့်ကျီစယ်ရင်းဆော့နေရင်းမှ သူ့အားမတော်တဆကိုက်မိသွားသည်။

နာလွန်း၍ အိပ်မက်မှလန့်နိုးလာတော့ သူ့ခန္ဓာကိုယ်အပေါ်မှာမှောက်လျက်သားလေးထပ်ကာ သူ့လက်မောင်းမှ tattoo တွေအပေါ်လိုက်ကိုက်နေတဲ့ သက်ရှိထင်ရှားခွေးပေါက်တစ်ကောင်အားတွေ့လိုက်ရသည်။

Love You Anymore Where stories live. Discover now