Part 5

600 60 16
                                    


သူမနက်စာစားပြီးတဲ့အချိန်မှာပဲ Tae ဆီကဖုန်းဝင်လာ၍ ကိုင်လိုက်သည်။ အတန်ကြာသည်အထိ ဘာမှမပြောပဲငြိမ်နေတဲ့ Tae ကြောင့်သူစကားစပေးလိုက်သည်။

"Hello! Tae . ပြောလေ"

"အချစ် ကိုယ့်ကိုစိတ်ဆိုးနေသေးလား..ဒီနေ့ရောဘယ်မှမသွားဘူးလား"

"မဆိုးတော့ပါဘူး...ဒါပေမယ့် အဲ့ဒီလိုအပြုအမူတွေကို ငါမကြိုက်ဘူးဆိုတာ Tae သိပါတယ်။ ဆင်ခြင်ပေးဖို့နဲ့ နောက်ကိုမဖြစ်စေရဘူးလို့ကတိပေး Tae"

"ကိုယ်ကတိပေးပါတယ်"

"ငါ့ဘက်ကလဲ ဘယ်သွားပြီးဘာလုပ်မယ်ဆိုတာ အသိပေးမယ်။ ဒါဟာခွင့်ပြုချက်တောင်းတာမဟုတ်ဘူးနော် အသိပေးရုံပဲ"

"ကိုယ်လက်ခံပါတယ်။ ကိုယ် အချစ်ကိုချစ်လွန်းလို့စိုးရိမ်လွန်သွားတာပါ။ ကိုယ့်ကိုနားလည်ပေးနော်"

"နားလည်လို့လဲခွင့်လွှတ်ပေးတာပေါ့...Tae ချစ်တာ ငါသိပါတယ်။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိရင် . အချစ်မတတ်ရင်
Tae ကိုယ်တိုင်ရော အချစ်ခံရတဲ့သူပါပူလောင်ရလိမ့်မယ်။ အဲ့ဒီလို relationship မျိုးဖြစ်လာမှာကို ငါမလိုလားဘူး Tae"

"အင်းပါ...အချစ်ပြောတာမှန်တယ်။ အချစ်ကနာမည် ရလာလေလေ ကိုယ့်မှာစိုးရိမ်စိတ်တွေများလာလေလေဖြစ်နေတာပါ။ အချစ်ကိုပဲမျက်စိမှိတ်ယုံထားလိုက်ပြီး ကိုယ်ကဆင်ခြင်ပါ့မယ်။ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ပါ့မယ်"

"ညက အရက်တွေအများကြီးသောက်တယ်ဆို အခုခေါင်းတွေကိုက်နေပြီမလား"

"အချစ်ဆီကိုဆက်သွယ်မရလို့မရတော့ ညကကိုယ့်မှာ ကမ္ဘာပျက်နေတာ"

"သွေးပူနေတဲ့အချိန်မှာ ဘာမှမပြောသေးတာကောင်းမယ်ထင်လို့ စကားမပြောချင်သေးလို့ပါ Tae ရယ်။ တစ်ယောက်ကိုတစ်ယောက်စကားတွေနဲ့နာကျင်အောင်လုပ်မိမှာစိုးတာကြောင့်ရောပေါ့"

"ကိုယ်ကမကောင်းတာပါ အချစ်ကိုကိုယ်ထပ်တောင်းပန်တယ်။ အခုအချစ်နားလိုက်ဦးလေ ကိုယ်လဲကျောင်းသွားရမှာမို့ ပြင်ဆင်လိုက်ဦးမယ်။ ညကျရင် dinner စားဖို့ကိုယ်လာခေါ်မယ်နော်"

Love You Anymore Where stories live. Discover now