Part 15

353 47 10
                                    



ဆော့ဂျင်က သူ့အခန်းမှာဟန်ပြသက်သက်သာနေရပြီး ဂျောင်ကုကသူ့ဆီမှာသာနေစေကာ ဆော့ဂျင်ရဲ့ဝေယျာဝစ္စအားလုံးကို သူကိုယ်တိုင်လုပ်ပေးရမှကျေနပ်တတ်သူဖြစ်သည်။ အိမ်သန့်ရှင်းရေးအတွက် တစ်ပတ်ကို cleaning service တစ်ကြိမ်ခေါ်သည်။

အဖိုးကို သူချစ်သူရနေပြီလို့ပြောပြပေမယ့် ထုံးစံအတိုင်းအပျော်တွဲသည်သာထင်တဲ့အဖိုးက ထိုကိစ္စအားစိတ်ဝင်စားဟန်မပြခဲ့ပေ။

ကျန်တဲ့အချိန်တွေမှာ ပုံမှန်ရှိတတ်ကြတဲ့ ဂျောင်ကုတို့အတွဲဟာ ဆော့ဂျင်နဲ့ထယ်ယောင်း video call ပြောလေ့ရှိတဲ့ Sunday လိုနေ့မျိုးတွေမှာဆိုရင်တော့ နှစ်ဦးကြားမှာရာသီဥတုကထိုင်းမှိုင်းနေတတ်သည်။

အခုလဲ ဂျောင်ကုတစ်ယောက်....ကင်မ်ထယ်ယောင်းနဲ့ video call ပြောဖို့မနက်အစောကြီးထကာ သူ့အခန်းကိုဆင်းသွားတဲ့ချစ်သူကောင်လေးပြန်လာရင် အတူတူစားဖို့ မနက်စာပြင်နေလိုက်
သည်။ မကြည်တာကမကြည်တာတစ်ပိုင်း ဂရုစိုက်ပေးဖို့ကိုတော့ သူ့ဘက်ကမပျက်ကွက်ပေ။

........

"ဘယ်လို Tae. မနက်ဖြန် ဂျီမင်က ငါတို့ entertainment မှာ  choreographer အနေနဲ့အလုပ်စဆင်းမှာ ဟုတ်လား"

"လန့်လိုက်တာ အချစ်ရယ် ဖြည်းဖြည်းပြောပါ"

"ဂျီမင် ငါ့ကိုဘာမှလဲမပြောပါလား"

"အချစ် သူ့ကိုရုတ်တရက်တွေ့ရင် အံ့ဩသွားအောင်လို့တဲ့လေ။ ကိုယ်က ဂျီမင့်ကိုသစ္စာဖောက်ပြီး အချစ်ကိုပြောပြတာ . တွေ့ရင် သူကျေနပ်အောင် အံ့ဩပြလိုက်ဦး"

"အင်းပါ"

ဂျီမင်လာရင် Company internal သတင်းဖြစ်တဲ့သူနဲ့ကိုကို့ရဲ့အကြောင်းတွေက မကြာခင်မှာဂျီမင့်နားထဲရောက်မှာပဲ။ ဂျီမင်ကနေတစ်ဆင့် Tae ဆီကို အဲ့ဒီသတင်းတွေရောက်ရင် ဘယ်လိုတွေဆက်ဖြစ်လာလိမ့်ဦးမလဲမသိပေ။

"အချစ် မျက်နှာလဲမကောင်းဘူး ဘာဖြစ်လို့လဲ။ ဘာလို့စိတ်ညစ်တဲ့ပုံပေါက်နေတာလဲ . ဂျီမင်လာတာကိုမကြိုက်ဘူးလား"

"မဟုတ်ပါဘူး Tae ရယ်. ငါဗိုက်ဆာလို့ပါ"

"အာ. ဟုတ်သားပဲ ကိုယ်တို့ပြောနေတာကြာနေပြီဆိုတော့ အချစ်ဗိုက်ဆာရောပေါ့။ ဒါဆို တာ့တာနော် အချစ်. အရမ်းချစ်တယ် ... ပြွတ်စ်"

Love You Anymore Wo Geschichten leben. Entdecke jetzt