Part 16

284 42 13
                                    


နောက်လကို သူချစ်ရတဲ့သူလာမည်ဆို၍ ထယ်ယောင်း သူ့အခန်းမှာလိုအပ်တာတွေပြင်ဆင်ရင်း မရောက်ခင်ကတည်းက ကြိုပြီးစိတ်လှုပ်ရှားနေမိသည်။ တစ်ခါမှအကြာကြီးမခွဲဖူးတာမို့ screen ပေါ်မှာမြင်ရတဲ့မျက်နှာလေးကိုကြည့်ရင်းသာ လွမ်းတဲ့စိတ်ကိုဖြေသိမ့်နေရတာ။

ပြီးခဲ့တဲ့အပတ်က video call ခေါ်တော့ သူ့မျက်နှာလေးချောင်နေတာကြောင့် ကျန်းမာရေးဂရုစိုက်ဖို့ အိပ်ရေးဝဝအိပ်ဖို့ တတွတ်တွတ်မှာသည်။ ဒီကိုလာရင် Tae ကိုသူကိုယ်တိုင်ချက်ကျွေးမှာမို့ Tae ကြိုက်တဲ့ menu လေးတွေ ချက်တတ်အောင်သင်ထားမည်ဟုလဲ ပြောသွားသေးသည်။

အချစ်က သူ့အပေါ်သူ့လောက်မချစ်ဘူးဆိုတာခံစားမိတဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် တခါတလေအခုလိုမျိုးလေးဂရုတစိုက်ရှိတတ်တဲ့အခါမျိုးကျပြန်တော့လဲ သူ့မှာကြည်နူးရပြန်သည်။

သူ့ထက်ပိုချစ်ရမယ့်သူနဲ့တွေ့ခဲ့ရင် သူ့အားထားသွားမှာသေမလောက်ကြောက်မိပေမယ့် 'Tae ကိုဘယ်တော့မှထားမသွားဘူး' ဆိုတဲ့ကတိစကားလေးကို သူယုံကြည်မိ၏။

ဟိုတလောက ဂျီမင်က...ဆော့ဂျင်နဲ့ CEO တွဲနေကြတာလို့ သူတို့ entertainment မှာ တခြားသူတွေကတစ်ဆင့်ကြားခဲ့ကြောင်းပြောလာသည်။ သူမရောက်ခင်ကတည်းက သတင်းထွက်နေတဲ့ကိစ္စဖြစ်ပြီး ကိုယ်တိုင်အတည်ပြုကြည့်ဖို့သတိပေးလာခဲ့သည်။ အခုမှအလုပ်စဝင်ကာစမို့ အာရုံစိုက်စရာတွေများတာကြောင့် အချိန်ရရင်သူသေချာအောင်စုံစမ်းပေးမည်ဟု ဂျီမင်ကပြောသည်။

"မင်းကိုကျေးဇူးတင်ပါတယ် ဂျီမင်။ ဒါပေမယ့် ဆော့ဂျင်နောက်ကွယ်မှာ သူမသိအောင်သူ့အကြောင်းစုံစမ်းရင် ဆော့ဂျင်ရဲ့ကိုယ်ကျင့်တရားကိုစော်ကားသလိုဖြစ်နေမှာပေါ့။

အဲ့ဒီကိစ္စက တကယ်ဖြစ်ခဲ့ရင်လဲ ဆော့ဂျင်က သူကိုယ်တိုင်ငါ့ကိုဖွင့်ပြောလာမယ့် လူစားမျိုးဆိုတာ ငါသိတယ်။ သူမပြောပြသေးဘူးဆိုရင် အဲ့ဒီကိစ္စကအမှန်မဟုတ်ဘူးဆိုတာပဲ။ ဆော့ဂျင်ကို ငါယုံကြည်တယ်"

"နှစ်ယောက်ကြားမှာ ယုံကြည်မှုထားတာကောင်းပါတယ်။ မင်းပြောသလို တကယ်ဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ ငါက ဘေးလူဖြစ်တဲ့အတွက် မလိုအပ်ပဲဝင်ပါမိရင် နှစ်ယောက်ကြားမှာခလောက်ဆန်သလိုဖြစ်မိမှာစိုးတဲ့အတွက် ဒီထက်ပိုပြီးမပြောတော့ပါဘူး။ မင်းဘက်က အကူညီလိုအပ်လာရင်တော့ပြောပေါ့ ငါကူညီပေးပါ့မယ်"

Love You Anymore Where stories live. Discover now