Part 10

365 63 19
                                    


နောက်အပတ်ထဲ Tae မွေးနေ့ရှိတာကြောင့် Tae အတွက်တစ်ခုခုဝယ်ပေးရန် online မှာလိုက်ကြည့်နေတုန်း Soobin က အနားသို့ရေးကြီးသုတ်ပြာနဲ့လျှောက်လာရင်း...

"ဆော့ဂျင် မင်းကြားပြီးပြီလား"

"လာပြန်ပြီ...အစမရှိအဆုံးမရှိ ဘာလဲကွာ"

"CEO က ဒီ entertainment ရဲ့ CEO ရာထူးကနေနုတ်ထွက်ပြီး သူတို့ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ ကနေဒါမှာရှိတဲ့ကုမ္ပဏီတစ်ခုကိုဦးစီးဖို့ ကိုရီးယားကနေအပြီးထွက်သွားတော့မယ်တဲ့"

"......."

"မင်းနဲ့ CEO ဒီလောက်ရင်းနှီးနေတာကို မင်းမသိဘူးလား ဆော့ဂျင်"

ကြားလိုက်ရတဲ့သတင်းကြောင့် တစ်ခုခုကိုလက်လွတ်ဆုံးရှုံးရတော့မလို ခံစားချက်ကြီးနှင့် ရင်ဘတ်ထဲကတစ်ခုခုကိုဆွဲထုတ်ခံရသလို လစ်ဟာသွားတဲ့ခံစားချက်တို့ကဖြစ်ပေါ်လာသည်။

"အဲ့ဒီသတင်းသေချာလား"

"ဟုတ်ပါတယ်ဆို...ဟိုမှာ PDမင် လာနေပြီ ပိုသေချာအောင်မေးကြည့်ရမယ်"

PDမင့်ကို Soobin ကမေးလိုက်တော့ ဒီနှစ်ရက်.သုံးရက်အတွင်းသွားဖို့စီစဉ်ထားကြောင်းနဲ့ မသွားခင်အလုပ်များမှာဖြစ်တာကြောင့် သူငယ်ချင်းတချို့ကိုတောင်မပြောထားကြောင်းသိရသည်။

"ဂျောင်ကုရဲ့ရုံးခန်းထဲမှာ ဆော့ဂျင်ပစ္စည်းတွေရှိရင် သူ meeting လုပ်နေတဲ့အချိန်သွားယူထားနော်။ ဂိမ်းစက်တွေကတော့ တစ်ယောက်ယောက်ကိုပေးလိုက်ပြီထင်တယ် မရှိတော့ဘူး"

ကိုကို အဲ့ဒီလောက်အထိလုပ်မှဖြစ်မှာလား . ဂျင်က ထွက်သွားပါလို့ပြောခဲ့မိလို့လား။

 ဂျင်က ထွက်သွားပါလို့ပြောခဲ့မိလို့လား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


..........

ဒီရက်ပိုင်းစိတ်နဲ့ကိုယ်မကပ်ဖြစ်နေတဲ့ ဆော့ဂျင်ကို အကြောင်းသိနေတာမို့ အားလုံးကမသိချင်ယောင်ဆောင်ကာ လွှတ်ထားပေးလိုက်သည်။
ညနေ ပြန်ဖို့အချိန်ရောက်တော့ ယွန်းဂီတစ်ယောက်ထဲရှိနေချိန်မှာ ဆော့ဂျင် သူ့အနားကိုရောက်လာပြီး တစ်ခုခုပြောစရာရှိနေတဲ့ပုံစံပေါ်တာကြောင့် စကားစပေးလိုက်သည်။

Love You Anymore Where stories live. Discover now