Part 22

281 70 40
                                    



ဆော့ဂျင်နဲ့ CEO ကိစ္စတွေကိုအလုံးစုံသိရတော့ . ဟိုဆော့ စိတ်မကောင်းဖြစ်ရသည်။ ဒါ့ကြောင့် စကားနည်းနည်းပြောကြည့်ဖို့ CEO ကို အရဲစွန့်ကာဝင်တွေ့လိုက်မိ၏။

"ကျတော်နဲ့ မဆိုင်တဲ့ကိစ္စမှာဝင်ပါမိသလိုဖြစ်သွားရင် တောင်းပန်ပါတယ် CEO ။ ဆော့ဂျင် ပြောပြလို့ ကျတော် CEO တို့နှစ်ယောက်အကြောင်းကို သိသင့်သလောက်သိပြီးသွားပါပြီ။

ဆော့ဂျင်ကို CEO ရဲ့အနားကို အရောက်တွန်းပို့ခဲ့တဲ့သူတွေအထဲမှာ ကျတော်လဲပါဝင်ခဲ့တာကြောင့် ဒီလိုအခြေနေမျိုးမှာ ကြားဝင်စေ့စပ်ကြည့်ဖို့ ကျတော်တို့မှာလဲတာဝန်ရှိတယ်လို့ ခံစားမိတာကြောင့်ပါ။

ကျတော့်အမြင်ကိုပြောရရင် ဆော့ဂျင်မှာ ဘာအပြစ်မှမရှိဘူးလို့ထင်တယ် CEO . အဲ့ဒီအချိန်တုန်းက သူကလူ့လောကထဲကိုတောင်မရောက်သေးဘူးလေ။ အပြစ်ရှိတဲ့သူကလဲ တရားဥပဒေအရ သူ့အပြစ်ကိုသူခံယူပြီးသွားပြီမို့လား"

"အဲ့ဒီလို အပြစ်ခံယူလိုက်တာနဲ့ပဲ ငါ့ညီလေးကအသက်ကပြန်ရှင်လာခဲ့လို့လား။ ငါ့မိဘတွေရဲ့ဆက်ဆံရေးကရော ပြန်လည်ကောင်းမွန်လာခဲ့လို့လား။ မိစုံဖစုံရှိရဲ့နဲ့ မိဘမဲ့တစ်ယောက်လိုနေခဲ့ရတဲ့ ငါ့ရဲ့ဘဝနဲ့ ငါဆုံးရှုံးခဲ့ရတာတွေက ဘာနဲ့မှအလျော်ပြန်ပေးလို့မရတော့ဘူး"

ကိုယ်တိုင်မခံစားဖူးတဲ့သူတွေကတော့ လွယ်
လွယ်ပြောကြမှာပေါ့ ... ဒါတွေအားလုံးဟာဖြစ်ပြီးသွားတဲ့အတိတ်တွေပါလို့ . ဒါလေးများလို့ လွယ်လွယ်တွေးကြမှာပေါ့။ ကာယကံရှင် သူကတော့ တစ်သက်လုံးမမေ့နိုင်အောင် အသည်းခိုက်အောင်နာကျင်ခဲ့ရတာတွေက အရိုးထဲအထိစိမ့်နေအောင် စွဲထင်နေခဲ့ပြီ။

"နေစမ်းပါဦး... ဆော့ဂျင် ပြောပြလို့သိတယ်ဆိုတော့ . ငါ သူ့ကိုဘာကြောင့်လမ်းခွဲခဲ့တယ်ဆိုတာ သူသိသွားပြီဆိုတဲ့သဘောလား ဟိုဆော့"

"ဟုတ်တယ် CEO . ပြီးခဲ့တဲ့တစ်ပတ်လောက် ကတည်းက သူ့အမေပြောပြလို့ သူသိခဲ့ရပြီပြောတယ်။ သူ့ကိုအချိန်မှီမွေးဖွားဖို့ကိစ္စအတွက်နဲ့ CEO ညီလေးရဲ့အသက်ကကို ဆုံးရှုံးခဲ့ရတာတဲ့။
CEO အပေါ်တင်နေတဲ့အကြွေးကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ အဖြေရှာပြီးသွားမှ CEO အရှေ့ကို သူပြန်လာမယ်လို့လဲပြောတယ်။

Love You Anymore Where stories live. Discover now