Part 2

458 68 2
                                    


ဆော့ဂျင်တို့ boy band မှာ Soobin, Taehyun, Yeonjun နဲ့ သူအပါအဝင် member လေးယောက်ပါဝင်သည်။ အဖွဲ့ဝင်တွေအချင်းချင်း ချစ်ခင်စည်းလုံးကြပြီး အသက်တွေကမတိမ်းမယိမ်းရှိကြသော်လဲ သူကအသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တာကြောင့် အားလုံးကဂရုစိုက်ပေးကြသည်။

ရက်အနည်းငယ်သာ အိမ်ပြန်ခွင့်ပေးထား၍ ဆော့ဂျင် ဒီနေ့ တော့အဖွဲ့ဝင်တွေနဲ့အတူနေရသည့် dorm သို့ပြန်ရမည်ဖြစ်သောကြောင့် မိုးလင်းတာနဲ့ သူ့မန်နေဂျာ အစ်ကိုဟိုဆော့ကလာကြိုတဲ့ company ကကားကအိမ်ရှေ့မှာရောက်လို့နေသည်။

Dorm ကိုတန်းမသွားပဲ အလုပ်လုပ်ရန် company ကိုအရင်ဝင်ကြရသည်။ သူတို့ရဲ့ private room ထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့အရာတွေကြောင့် ဖန်တွေများပို့လိုက်တာလားဟုတွေးမိသည်။ သူတို့လို idol ပေါက်စလေးတွေမှာလဲ ဖန်အများကြီးရှိနေပြီဖြစ်ပေမယ့် အပြင်ပစ္စည်းလက်မခံရဘူးဟု ကန့်သတ်ထားတာကြောင့် သူဇဝေဇဝါဖြစ်နေမိ၏။

Soobin က သူ့ကိုမြင်တော့ ...

"ဆော့ဂျင်.. ဒီမှာ မင်းအတွက် CEO ပို့လိုက်တာတဲ့ Birthday present တွေ...CEO ကသူ့ရဲ့ Artist တွေကိုဂရုစိုက်သားပဲကွ မထင်ရဘူး"

Soobin ရဲ့စကားကြောင့်သူမင်သက်နေမိသည်...မနေ့ညက နောက်မှလက်ဆောင်ပေးမယ်လို့ပြောလိုက်ပေမယ့် ဝတ်ကျေတန်းကျေသာ ပြောလိုက်သည်ဟုထင်နေမိတာ..တကယ်ကြီးပေးတာပဲ။
စိတ်မသက်မသာဖြစ်ရတဲ့ခံစားချက်ကြီးကြောင့် ရပ်ကြည့်နေတုန်း PD မင်ယွန်းဂီက...

"ဂျောင်ကုပို့ပေးလိုက်တာပြောတယ်... လေ့ကျင့်တာပြီးရင် ကျေးဇူးတင်စကားပြောလိုက်ဦး ဆော့ဂျင်"

"ဟုတ်ကဲ့ပါ PD မင်"

ညနေရောက်တော့ သူတို့ live လွှင့်ပြီးတော့ dorm သို့မပြန်ခင် CEO ရုံးခန်းဘက်သို့ထွက်လာလိုက်သည်။

CEO ရုံးခန်းရှေ့မှဝန်ထမ်းအစ်မက အထဲသို့ပေးဝင်ရမလားလှမ်းမေးနေတာကြောင့် သူခဏရပ်စောင့်လိုက်ပြီး ဝင်ခွင့်ပေးလိုက်သည်ထင် တံခါးလိုက်ဖွင့်ပေး၍သူအခန်းထဲသို့ဝင်လိုက်သည်။

သူ့ကိုမြင်တော့ CEO က စားပွဲမှထလာပြီး ဆိုဖာပေါ်မှာဝင်ထိုင်သည်။ CEO ဆီမှရတဲ့ကိုယ်သင်းနံ့က လီမွန်အနံ့လေးနဲ့အတူ cedar ပါဝင်လို့ထင်သည် woody ဖြစ်တဲ့အနံ့လေးက လူကိုလန်းဆန်းသွားသလိုခံစားရတာကြောင့် သူခိုးပြီးရှုရှိုက်မိ၏။

Love You Anymore जहाँ कहानियाँ रहती हैं। अभी खोजें