Part 24

251 60 30
                                    



အလုပ်ကပြန်လို့ အိမ်ရောက်ရင် မအိပ်ခင် ဂျောင်ကု လုပ်လေ့ရှိတဲ့အရာက ကလေးလေးရဲ့ Solo MV တွေကြည့်တာ . ခရီးအတူသွားတုန်းကနဲ့ အတူနေခဲ့စဉ်က ရိုက်ယူထားတဲ့ video လေးတွေလဲပြန်ကြည့်တာက အကျင့်တစ်ခုလိုဖြစ်နေသည်။

မူးတဲ့အထိသောက်ပြီးမှ အိပ်ပျော်တတ်တာကလဲ သူ့အတွက်အကျင့်တစ်ခုပင်။ သူငယ်ချင်းတွေရဲ့ စကားကိုလဲနားမထောင်တော့ . သူ့အားဂရုဏာဒေါသဖြင့် 'သတ္တိကြောင်တဲ့ကောင် မင်းသေမှာစိုးလို့ပြောနေတာ' ဟု ဆူပူကာပြောကြ၏။

ပြီးခဲ့တဲ့အပတ်က သူနေမကောင်းတော့ မင်ဂယူကပြောတယ် . သူ့မှာအသည်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုဖြစ်နေပြီလို့ ယူဆတာကြောင့် ဆေးရုံမှာဆေးစစ်ကြည့်ပါလားတဲ့။

အဖိုးက သူရှယ်ရာပါတဲ့ဆေးရုံတစ်ခုမှာ ဂျောင်ကုငယ်စဉ်ကတည်းကနေ ကြီးလာတဲ့အထိ ခြောက်လတစ်ခါဆေးစစ်ဖို့ စာရင်းသွင်းပေးထာတာမို့ နိုင်ငံခြားမှာကျောင်းသွားတက်နေတဲ့ကာလကလွဲရင် သူမသွားလဲ ဆေးရုံက remind လှမ်းလှမ်းလုပ်တာကြောင့် အမြဲတမ်းစစ်နေကျပင်။ သူ့ကိုယ်ကိုယ်သူဘာဖြစ်နေလဲ မသိပဲနေပါ့မလား။

နေလို့မပျော်တဲ့ဘဝမှာ သေတော့လဲအေးတာပဲ။
သူတို့ပြောတာ 'ကိုယ်ရွေးထားတဲ့လမ်းမို့ ပျော်ပျော်ကြီးလျှောက်လေ' တဲ့ .. ဘယ်လမ်းကိုပဲရွေးရွေးပျော်ရမှာမှ မဟုတ်တာ။ ဘယ်တုန်းကမှ သူ့ဘဝမှာ စိတ်ဖြောင့်ဖြောင့်နဲ့အကြာကြီးပျော်ခွင့်ရဖူးလို့လဲ။

ကလေးလေးပျော်နေတာ စိတ်ချမ်းသာနေတာကိုအဝေးကကြည့်ပြီး သေရမယ်ဆိုရင်ပဲ သူကျေနပ်ပါတယ်။ ပျော်စေချင်လို့လဲ ကလေးလေးရဲ့ဘဝမှာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုဖြစ်တဲ့ World Tour Concert ကိုအကောင်အထည်ဖော်ပေးဖို့ စီစဉ်ခဲ့တာပေါ့။

ကလေးလေးပျော်နေတာ စိတ်ချမ်းသာနေတာကိုအဝေးကကြည့်ပြီး သေရမယ်ဆိုရင်ပဲ သူကျေနပ်ပါတယ်။ ပျော်စေချင်လို့လဲ ကလေးလေးရဲ့ဘဝမှာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုဖြစ်တဲ့ World Tour Concert ကိုအကောင်အထည်ဖော်ပေးဖို့ စီစဉ်ခဲ့တာပေါ့။

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.
Love You Anymore Tahanan ng mga kuwento. Tumuklas ngayon