Part 8

355 65 7
                                    



အခန်းသို့ပြန်ရောက်လာတဲ့အထိ သူ့အတွေးတွေယောက်ယက်ခတ်နေဆဲပင်။ ကိုကိုက ဒီလိုဒေါသကြီးတတ်တဲ့သူမျိုးလား . ကိုကို့ရဲ့ဒီလိုပုံစံကို သူမမြင်ဖူးတာကြောင့် နဲနဲတော့အံ့ဩမိသည်။
တွေးနေရင်းမှပဲ နောက်ကိုအနေထိုင်ဆင်ခြင်ရအောင် Tae အားဒီအကြောင်းကိုပြောပြထားရန် ဖုန်းခေါ်လိုက်၏။

ကိုကိုပြောတဲ့စကားတချို့ကိုချန်ကာ အဖြစ်အပျက်တို့ကို Tae အားပြောပြလိုက်တော့...

"ကိုယ့်ကြောင့် အချစ်အပြောခံရတာ ကိုယ်မကောင်းတာပါ"

"Tae မှာဘာအပြစ်မှမရှိဘူး.. အခုပြောပြတယ်ဆိုတာ နောက်ကျရင်နှစ်ယောက်စလုံးဆင်ခြင်ရအောင်ပြောပြထားရုံပဲ Tae.."

"ကိုယ်ဆင်ခြင်ပါ့မယ်. ကိုယ်နဲ့ပတ်သက်ပြီး အချစ်ရဲ့အလုပ်မှာ ဒီလိုပြဿနာတက်တာကိုတော့ ကိုယ်တကယ်စိတ်မကောင်းဘူး။ အချစ်စိတ်ညစ်မနေနဲ့နော် မကြာခင်အဆင်ပြေသွားမှာပါ"

Tae ကသူ့အားစိတ်သက်သာရာရစေရန် စကားတွေအများကြီးပြောပေးတော့ သူလဲတဖြည်းဖြည်းစိတ်ထဲပူလောင်ရတာတွေလျော့ကျလာသည်။

"အရင်က CEO ရဲ့မိသားစုနဲ့ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ ငါ့ကိုပြောပြပါလား Tae"

"ဂျောင်ကု hyung နဲ့ ကိုယ့်ရဲ့အကြောင်းကိုပြောရင် ကိုယ့်မိဘတွေအကြောင်းတွေလဲပါလာလိမ့်မယ်။ ဒီကိစ္စတွေသိလိုက်ရလို့ ကိုယ့်မိဘတွေကိုအထင်မသေးဖို့ ကြိုပြီးတောင်းဆိုပါရစေနော် အချစ်"

"အထင်မသေးပါဘူး...
ငါသိထားသင့်တဲ့အရာများရှိမလားလို့ မေးတာပါ Tae"

Tae ပြောပြချက်အရ...Tae မိခင်က Tae အား ကိုကို့ရဲ့မိဘနှစ်ပါး တရားဝင်မကွာရှင်းခင်ကတည်းက မွေးဖွားခဲ့တာဖြစ်သည်တဲ့။

နောက်ပြီး ကိုကို့မှာ အသက် ၂နှစ်ပဲကွာတဲ့ညီလေးတစ်ယောက်ရှိခဲ့ဖူးသည်ဟုဆိုသည်။ ကိုကို့အသက် ၅နှစ် ၊ အဲ့ဒီကလေးအသက် ၃ နှစ်မှာ ကားတိုက်မိပြီး ကလေးကဆုံးပါးသွားခဲ့သည်။

ကိုကို့ရဲ့ ဖခင်က မိခင်ဖြစ်သူရဲ့ပေါ့လျော့မှုကြောင့် ကလေးထိခိုက်ရတာဆိုပြီး အိမ်ထောင်ရေးအခြေအနေပိုဆိုးခဲ့သည်ဟုဆိုသည်။ နောက်တော့ ကိုကို့အသက် ၇နှစ်မှာ တရားဝင်ကွာရှင်းခဲ့ကြသည်တဲ့။

Love You Anymore Where stories live. Discover now