မနေ့က Tae နဲ့တစ်နေကုန်ဂိမ်းဆော့ပြီးနောက် အိပ်ယာစောစောဝင်ခဲ့ပြီး မနက်မိုးလင်းတော့အိတ်ထဲကဖုန်းကိုထုတ်လိုက်တော့မှ ကိုကို့ဆီမှ မက်ဆေ့ချ်တွေ missed call တွေကိုတွေ့သည်။ ဖုန်းပြန်ခေါ်ကြည့်တော့ ကိုကိုကချက်ချင်းကိုင်၏။"ဆောရီး ကိုကို...ပြန်ရောက်ကတည်းကဖုန်းကိုအိတ်ထဲကမထုတ်တာ အခုမှကြည့်မိလို့ချက်ချင်းပြန်ခေါ်လိုက်တာ. အခုကုမ္ပဏီမှာလား"
အိပ်ရာထခါစမှာပြောနေတဲ့ ချစ်စရာကောင်းတဲ့အသံအက်အက်လေးကို ဂျောင်ကုမှာချစ်ရလွန်းလို့ အသည်းတွေရော အူတွေပါယားလာသည်။
"ဒီနေ့ sunday လေ ကိုကိုလဲနားချင်တာပေါ့...အိမ်မှာ စပါကတီလုပ်စားမလို့"
"ဟုတ်လား. ဂျင်လဲ စပါကတီကြိုက်တယ်....ကိုကို့လက်ရာ စပါကတီစားကြည့်ချင်လိုက်တာ"
"စားချင်ရင်လာစားလို့ရတယ်လေ ဂျင်ရဲ့...ဂျင်လာမယ်ဆိုရင် ကိုကို့အိမ်ကအမြဲ welcome ပဲ"
"ဒါဆို ဂျင်ရေချိုးပြီးတာနဲ့ထွက်လာခဲ့မယ်...လိပ်စာပို့ပေးထား"
"အိုခေ...see you ဂျင်"
သူရေချိုးပြီးတာနဲ့ အိမ်ကထွက်ခဲ့ပြီး လိပ်စာအတိုင်းရောက်သွားခဲ့သည်။ Company တွေ့နေကျပုံစံနဲ့မဟုတ်ပဲ အိမ်မှာနေရင်းပေါ့ပေါ့ပါးပါးပုံစံနဲ့ကိုကိုက တစ်မျိုးကြည့်ကောင်းနေပြန်သည်။ ဒီကွန်ဒိုအကျယ်ကြီးထဲမှာ ကိုကိုတစ်ယောက်တည်းနေရတာဆိုတော့ အထီးမကျန်ဘူးလားမသိဘူး။
"ကိုကို့အခန်းကမိုက်လိုက်တာ...ဂျင်လဲနောက်ကျရင်တစ်ယောက်တည်းနေဖို့ဒီလိုကွန်ဒိုတစ်ခန်းဝယ်ရမယ်။ ကိုကိုကဘာလို့ အဖိုးနဲ့အမေနဲ့အတူမနေတာလဲ...တစ်ယောက်ထဲနေတော့ ကိုကို့ကိုဘယ်သူချက်ကျွေးလဲ"