Part 9

425 73 17
                                    



ဒီည ကိုယ်ပိုင်အချိန်နည်းပါးလှတဲ့ ချစ်ရသူနဲ့ ဖုန်းပြောဖို့ချိန်းထားသည်။ တစ်ပတ်မှတစ်ခါလောက်သာရသည့် ရတောင့်ရခဲအခွင့်အရေးမို့...ထယ်ယောင်းတစ်ယောက် အချိန်မကျခင်ကတည်းက ဖုန်းခေါ်ဖို့စိတ်စောနေမိသည်။

ဖုန်းခေါ်ဖို့အချိန်လေးကိုစောင့်စားရင် အချစ်နဲ့သူ စတွေ့ခဲ့တဲ့အချိန်လေးတွေကို စဉ်းစားနေမိ၏။

သူ ဆေးကျောင်းဒုတိယနှစ်မှာပဲ ဂျီမင်ကသူနဲ့မေဂျာတူ ကျောင်းတက်ရင်းခင်သွားတဲ့ ဆော့ဂျင်နဲ့မိတ်ဆက်ပေးလာပြီး သူ့ဘက်ကမြင်မြင်ချင်း တစ်ဖက်သတ်ချစ်မိသွားတာဖြစ်သည်။ ဂျီမင်နဲ့သူက state ကျောင်းအတူတူတက်ခဲ့ကြပြီး တက္ကသိုလ်တက်မှ မေဂျာကွဲသွားကြတာဖြစ်၏။

ဖွင့်မပြောရဲတာကြောင့် ၁နှစ် လောက်တစ်ဖက်သတ်ချစ်ခဲ့ရပြီး ဂျီမင်ရဲ့မြှောက်ပင့်ပေးမှုတွေကြောင့် အရဲစွန့်ပြီးဖွင့်ပြောဖြစ်ခဲ့သည်။ အဆိုးလေးက သူကမချစ်တတ်သေးတာကြောင့် ချစ်တတ်လာတဲ့အထိစောင့်ဟုဆိုကာ ၁နှစ်လောက်စောင့်ခိုင်းထားပြီးမှ အဖြေပေးခဲ့တာဖြစ်သည်။

အဖြေပေးတော့လဲ...

'ဘေးနားမှာ Tae မရှိရင်တစ်ခုခုလိုအပ်နေသလိုခံစားရပြီး . Tae နဲ့မတွေ့ရတဲ့ရက်တွေဆို လွမ်းသလိုခံစားရတယ်။ အဲ့ဒါဟာ အချစ်ဟုတ်လား.မဟုတ်လား ငါလဲမသိဘူး။ ဒါပေမယ့် ငါတို့တွဲကြရအောင် Tae'

ကြည့်ပါဦး အဖြေပေးတဲ့ပုံစံလေးက ဘယ်လောက်အသည်းယားပြီးချစ်ဖို့ကောင်းလိုက်လဲ။

သူ့ဘက်ကလဲ...

'ကိုယ်ကအများကြီးချစ်ပေးမှာမို့ ဆော့ဂျင် သေချာမသိလဲကိစ္စမရှိဘူး'

ဟုဆိုကာ နှစ်ယောက်သားတရားဝင်စတွဲခဲ့ကြတာဖြစ်သည်။ အဲ့ဒီနေ့ရက်ဟာ သူ့ဘဝရဲ့အပျော်ဆုံးနေ့တွေထဲကတစ်နေ့ဖြစ်ခဲ့သည်။

ချစ်သူမဖြစ်ခင်ကတည်း ချစ်ရသူကိုသူများတွေကြည့်တာတောင်မကြိုက်တဲ့အထိ အကဲပိုခဲ့တာ။
သူသဲသဲလှုပ်ချစ်တာလဲမလွန်ပါဘူး. ချောတာနဲ့ချစ်စရာကောင်းတာနဲ့ပေါင်းစပ်ထားတဲ့ . ကြွေရုပ်လေးလိုထိရက်စရာမရှိတဲ့ သူ့အချစ်ကို တွေ့တဲ့သူတိုင်း ယောင်္ကျား.မိန်းမ, မကျန်... နှစ်ခေါက်ပြန်ကြည့်ကြရစမြဲ။

Love You Anymore Where stories live. Discover now