ကနေဒါသို့ရောက်ရင် သူညွှန်ကြားချက်တွေလုပ်ဖို့အတွက် ဘာလစ်ဟာချက်တွေရှိနေလဲဆိုတာကို ပေးပို့ထားတဲ့ document တွေကတစ်ဆင့်လေ့လာနေတုန်း ..."ဧည့်သည်တစ်ယောက်ရောက်နေတယ် CEO။ ကြိုချိန်းထားတာတော့မဟုတ်ဘူးတဲ့။ နာမည်က ကင်မ်ထယ်ယောင်း လို့ပြောပါတယ်"
"ဘယ်သူ.."
"ကင်မ်ထယ်ယောင်းပါ CEO"
သူ့ဦးနှောက်ကိုအမြန်အလုပ်ပေးပြီးနောက်...
"ရတယ် ဝင်လာခိုင်းလိုက်"
မင်ဟိုပြန်ထွက်သွားပြီးတအောင့်ကြာတော့...
"ကျတော် ဝင်ခဲ့မယ်နော် hyung"
"ထိုင်"
သူခေါင်းတစ်ချက်ဆတ်ပြကာ ဆိုဖာတစ်ခုမှာခြေချိတ်ထိုင်လိုက်ပြီး ကင်မ်ထယ်ယောင်းကိုပါထိုင်ခိုင်းလိုက်သည်။
"ငါတို့ကြားမှာတွေ့စရာအကြောင်း ဘာမှမရှိဘူးလို့ထင်တယ် ကင်မ်ထယ်ယောင်း"
"ဟို. ကျတော့်ချစ်သူဆီက hyung ခရီးသွားမယ့်အကြောင်းကြားလို့ပါ။ ကျတော် foreign မှာကျောင်းသွားတက်ဖို့က hyung ဒီကို ပြန်မရောက်ခင်ထွက်ရမှာဆိုတော့ hyung ကိုနုတ်ဆက်ချင်လို့ပါ"
"ဒါပဲတော့ ဟုတ်ဟန်မတူဘူး။ ဘာလို့လဲဆိုတော့ မင်းနဲ့ငါက အဲ့ဒီလောက်အထိရင်းနှီးချစ်ခင်နေတဲ့သူတွေလဲမဟုတ်ဘူးလေ"
"အဲ့ဒါက hyung ဘက်ကပဲဖြစ်မယ်ထင်ပါတယ်။ ကျတော်က hyung နဲ့ သူများညီအကိုတွေလို ချစ်ချစ်ခင်ခင်နေဖို့ အမြဲတမ်းဆန္ဒရှိနေတဲ့သူပါ။ နောက်ပြီး ကျတော်မသွားခင် ကျတော့်ကောင်လေးကိုလဲ ဂရုစိုက်ပေးဖို့ hyung ဆီအပ်ခဲ့ချင်လို့ပါ"
ပထမအကြိမ် 'ကျတော့်ချစ်သူ'လို့သုံးလိုက်တုန်းက သူ့ရင်ထဲမှာကျဉ်ခနဲဖြစ်သွားသည်။ နောက်တစ်ကြိမ် 'ကျတော့်ကောင်လေး' လို့ ထပ်သုံးနှုန်းပြီး ပိုင်စိုးပိုင်နင်းပြောလိုက်တော့ မေးရိုးတွေထောင်နေသည့်အထိ အံကြိတ်ကာစိတ်ကိုချုပ်တည်းထားရ၏။
ထိုအချိန်မှာပဲ ဝုန်းခနဲပွင့်လာသောတံခါးကြောင့် နှစ်ယောက်သားအလန့်တကြားကြည့်မိတော့ အမောတကောပုံစံနှင့်ရောက်လာတဲ့ ကလေးလေး။ သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ဒူးပေါ်လက်ထောက်ပြီး အမောဖြေနေတဲ့ ကလေးလေးနားကိုသူရောက်သွားတော့ သူ့အားမျက်လုံးလေးပြူးကာ ထိန့်လန့်တကြားမော့ကြည့်လာသည်။
![](https://img.wattpad.com/cover/355593593-288-k154446.jpg)