Part 14

337 60 26
                                    


ဟိုးတစ်ရက်က ကလေးလေးနဲ့သူ video call ပြောနေတုန်းမှာ ရုတ်တရက်ကြီး off သွားတာကြောင့် သူ့စိတ်ထဲစနိုးစနောင့်ဖြစ်ခဲ့သည်။

နောက်တစ်နေ့ရောက်တော့ ကင်မ်ထယ်ယောင်းက သူ့ရဲ့ IG မှာ mirror selfie ပုံတစ်ပုံတင်ထားတာတွေ့ရပြန်သည်။ Interior design ရော . ထည့်သုံးမယ့် furniture ပစ္စည်းတွေရော သူကိုယ်တိုင်ညွှန်ကြားခဲ့ပေးတဲ့ ရင်းနှီးပြီးသားနေရာမို့ ဘယ်နေရာမှာရိုက်ထားတဲ့ပုံလဲဆိုတာ သူချက်ချင်းတန်းသိခဲ့သည်။

သူမရှိတဲ့အချိန်မှာ ကလေးလေးရဲ့အခန်းကို ကင်မ်ထယ်ယောင်းလာနေခဲ့တာလား။ ရုတ်တရက် call ended ဖြစ်သွားတာကရောဘာလို့လဲ။ သူ့ခေါင်းထဲမှာ မေးခွန်းတွေတန်းစီနေသည်။

ဒီနေ့မန်နေဂျာ ဟိုဆော့ရဲ့ဆီကနေပို့လာတဲ့ဓာတ်ပုံတွေကိုမြင်ရတော့ သူ့မှာသွေးတက်ရပြန်သည်။ လက်ထဲမှာ alcohol တစ်ခွက်ကိုင်ရင်း အပီအပြင်ကဲနေတဲ့ သူ့ရဲ့ကလေးလေး။ နိုင်ငံခြားကနေ ကျောင်းပြီးလို့ပြန်လာတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ပါတီမှာတဲ့လေ။

ဒီနေ့မန်နေဂျာ ဟိုဆော့ရဲ့ဆီကနေပို့လာတဲ့ဓာတ်ပုံတွေကိုမြင်ရတော့ သူ့မှာသွေးတက်ရပြန်သည်။ လက်ထဲမှာ alcohol တစ်ခွက်ကိုင်ရင်း အပီအပြင်ကဲနေတဲ့ သူ့ရဲ့ကလေးလေး။ နိုင်ငံခြားကနေ ကျောင်းပြီးလို့ပြန်လာတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ပါတီမှာတဲ့လေ။

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

(ဂျောင်ကြီးသည်းသည်းလှုပ်တာလဲမပြောနဲ့ ကိုယ်တောင်အသည်းတွေယားတယ် ဂျင်တုံးရယ်)
.................................................................

ပုရိဿတွေ ဣထိယတွေရဲ့အလယ်မှာ ပြီးပြည့်စုံလွန်းတဲ့သူ့ကောင်လေးဟာ လူတိုင်းပြစ်မှားချင်စရာ။ သူဘယ်လိုမှစိတ်ဖြောင့်ဖြောင့်နဲ့ထပ်မနေနိုင်တော့တာကြောင့် အဖွားနဲ့အဒေါ်ဖြစ်သူအား အရေးတကြီးအလုပ်ကိစ္စပေါ်လာ၍ ပြန်မှဖြစ်မည်ဟုပြောကာ သူ့မိခင်ရှိရာအရပ်မှာ နှစ်ရက်သာနေပြီးပြန်ဖို့စီစဉ်ရတော့သည်။

သူ့ရဲ့မိခင်ဟာ ဆေးရုံမှာနှစ်ပေါင်းများစွာ အနီးကပ်ကုသမှုခံယူခဲ့ရပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ အိမ်သို့ပြောင်းရွှေ့ကာ တစ်လတစ်ခါသာ consultation ခံယူရတဲ့အထိ အခြေအနေကောင်းခဲ့သည်။

Love You Anymore Место, где живут истории. Откройте их для себя