Part 23

327 67 23
                                    



"သတင်းရေးခိုင်းတဲ့သူက အဖိုး ဆိုတာအမှန်ပဲလား။ ဘာအတွက်ကြောင့်လဲ အဖိုး. ကျတော် နားမလည်နိုင်လို့ပါ"

လတ်တလောပွက်လောရိုက်နေတဲ့ ကလေးလေးရဲ့အကြောင်းတင်ထားတဲ့ media တွေအကုန်လုံးကို နေ့တွင်းချင်းဖြုတ်ချခိုင်းနိုင်ခဲ့ပေမယ့် သတင်းရေးခိုင်းသူ တစ်ယောက်သက်သက်ရှိနေကြောင်းကိုတော့ နောက်တစ်နေ့မှသာ သိလိုက်ရသည်။

"အဖိုးဖြစ်သူကို အပြစ်လာတင်မနေနဲ့။
အဖြစ်မှန်တွေကိုသိပြီးတာတောင် မပြတ်မသားဖြစ်နေသေးတဲ့မင်းပုံစံကိုကြည့်ပြီး ငါစိတ်ပျက်မိတယ် ဂျွန်ဂျောင်ကု..။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး လက်ရှိအချိန်နဲ့အနာဂတ်ကိုပဲ အာရုံစိုက်စမ်းပါ။

လမ်းခွဲမယ်လို့ဆုံးဖြတ်ပြီးရင် ပြတ်သားဖို့လိုပြီမဟုတ်ဘူးလား။ ဘာမဟုတ်တဲ့ နှလုံးသားရေးရာကိစ္စကြောင့်နဲ့ အလုပ်မှာအာရုံအပြည့်အဝမစိုက်နိုင်တာကြောင့် Company ကိုထိခိုက်လာမှာ ငါမလိုလားဘူး။

အဲ့ဒီကောင်လေးက . မင်းရဲ့ entertainment အောက်မှာ ဆက်လုပ်နေဦးမယ်ဆိုရင် မင်းတို့နှစ်ယောက်ရဲ့ရေစက်က တော်တော်နဲ့ပြတ်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါဝင်ပါလိုက်ရတာပဲ။ ဒါပေမယ့် ဒီကောင်လေး ဒီလိုလွယ်လွယ်လေး လက်လျှော့သွားလိမ့်မယ်လို့ထင်မထားမိဘူး"

"သူ လွယ်လွယ်နဲ့လက်လျှော့ခဲ့တာမဟုတ်ဘူး။ ဒီကိစ္စက အမှန်တရားဖြစ်နေတာကြောင့် ဘယ်သူ့ကိုမှမလိမ်မညာပဲ သူ့တာဝန်သူယူပေးသွားတာ။ ဒီလိုတွေဖြစ်အောင် စတင်ဖန်တီးခဲ့တဲ့တရားခံက ကျတော်ကိုယ်တိုင်ဖြစ်ပေမယ့် ဘာ့ကြောင့်အပြစ်ရှိတဲ့သူက သူတစ်ယောက်တည်းဖြစ်သွားရတာလဲ။

သူ ဒီအလုပ်ကိုဆက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူ့နာမည်ကို မရရအောင်ကျတော် အဖတ်ပြန်ဆယ်ပြမယ်။ ကျတော့်ကိစ္စကို ကျတော့်ဖာသာကြည့်လုပ်မှာမို့ ကျေးဇူးပြုပြီးဝင်မပါ.ပါတော့နဲ့ အဖိုး"

"ကောင်းပြီလေ... ကုမ္ပဏီကိုမထိခိုက်စေဘူးဆိုရင်တော့ ငါဝင်ပါမှာမဟုတ်ဘူး မင်းကြိုက်သလိုလုပ်လို့ရတယ် ဂျွန်ဂျောင်ကု"

Love You Anymore Where stories live. Discover now