Part 7

378 65 12
                                    



မနက်ဖြန် နားရက်ပေးထားသဖြင့် ဆော့ဂျင်တို့ ဒီည အခန်းမှာဝိုင်းဖွဲ့ပြီးသောက်ဖြစ်ကြသည်။
အားလုံးအရှိန်ကောင်းလာတဲ့အချိန်မှာ Soobin ကသူ့အကြောင်းစကားစလာ၏။

"ဟေ့ရောင်...ဆော့ဂျင် ငါထင်တာတော့ CEO က မင်းကိုစိတ်ဝင်စားနေတာလို့ ထင်တယ်ကွာ။ သူ မင်းကိုကြည့်တဲ့အကြည့်တွေနဲ့ ဂရုစိုက်ပေးတာတွေကလုံးဝ boyfriend ပုံစံမျိုးကွာ။ မင်းတို့ရောသတိထားမိကြလား ဟေ့ရောင်တွေ..."

Taehyun နဲ့ Yeonjun ကိုပါထင်မြင်ချက်တွေလှမ်းတောင်းနေပြန်သည်။

"ငါတို့လဲအဲ့လိုထင်မိတယ်ကွ...ဒါမဲ့ ငါ့စိတ်ထင် ဆော့ဂျင်ကလဲ CEO စိတ်ဝင်စားတယ်လို့ထင်တယ်ကွာ။ ဘာလို့လဲဆိုတော့ ဟိုးတလောက ငါတို့ကိုတောင်တစ်ခါမှလုပ်မကျွေးဖူးတဲ့ ကင်မ်ချီထမင်းကြော်ကို အိမ်ကသယ်လာပြီး CEO ကိုသွားပေးတယ်ကွာ။ ဒါသူပြောပြလို့သိတာမဟုတ်ဘူးနော် သူ့မန်နေဂျာနဲ့ PDမင် ပြောနေတာကိုငါကြားလိုက်တာ"

"ပြီးတော့ရှိသေးတယ် CEO ကိုဆော့ဂျင်ကဘယ်လိုခေါ်လဲသိကြလား...'ကိုကို'တဲ့ . Hahaha...."

မူးနေတဲ့ကောင်တွေက ဒါမျိုးကျတော့ တစ်ယောက်တစ်ပေါက်နဲ့ လုံးစေ့ပတ်စေ့ပြန်ပြောတတ်ကြသည်။ သူတို့ပဲပြောတတ်တာလား ငါလဲပြောတတ်တာပေါ့ ဟာ.ဟ..။

"ဟေ့ရောင်တွေ...မင်းတို့ထင်ရာတွေစွတ်ပြောမနေနဲ့။ CEO ကငါ့ကို ညီလေးတစ်ယောက်လိုသဘောထားပြီးချစ်တာကွ။ ငါကပဲ ကိုကို့ကိုတစ်ဖက်သတ်ရင်ခုန်နေတာ ဘာမှလဲမသိကြဘူး.....hahaha.,

ဒါမဲ့ ငါ့မှာ Tae ရှိနေတဲ့အတွက် ကိုကို့ကိုစိတ်ယိုင်လို့မရဘူး။ ကိုကို့မျက်နှာလေးကို ငါနေ့တိုင်းတွေ့ချင်နေတာကွ။ အခုလဲ ကိုကိုကခရီးသွားနေတော့ ငါအရမ်းလွမ်းတာပဲ အီးးဟီးးး.."

"မငိုပါနဲ့ဆော့ဂျင်ရာ တိတ်.တိတ်...Tae ရှိတော့ရောဘာဖြစ်လဲ သူကမင်းသူငယ်ချင်းလေကွာ။ ဘာဖစ်လို့လဲ သူကမင်းရည်းစားထားရင် အိမ်ကိုပြန်တိုင်မှာစိုးလို့လား. ငါတို့ မင်းမိဘတွေကိုမဆူဖို့ဝိုင်းပြောပေးမယ်လေကွာ နော်..."

အားလုံးရေချိန်ကိုက်နေတော့ ဦးနှောက်တွေကပါ သူငယ်ပြန်ကုန်သည်။ ဒီကိစ္စကိုငယ်ငယ်ကလို သူငယ်ချင်းတွေနဲ့တစ်နေရာရာကိုသွားစရာရှိရင် မိဘတွေကို အချင်းချင်းဝိုင်းပြောပေးသလိုမျိုးတွေးပြီး သူ့ကိုဝိုင်းချော့နေကြပြန်သည်။

Love You Anymore Where stories live. Discover now