"ဟင်းးး...""ဘာကိစ္စတွေဖြစ်ခဲ့တာမို့ အဲ့လောက်တောင် သက်ပြင်းတွေချနေရတာလဲ Tae ရယ်"
"အချစ်ပြောသလိုမျိုး တချို့ကိစ္စတွေကိုမေ့နေခဲ့တယ်ဆိုတာမှန်ပေမယ့်. အချစ်တွေးထင်နေသလိုမျိုး ကြီးမားတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အချစ်ကိုပြောပြထားရင် အဲ့ဒီကိစ္စအပေါ်အာရုံစိုက်မိနေမှာစိုးလို့ မပြောပဲထား.ထားတာပါ"
"ဘာဖြစ်လို့ ငါက တချို့ကိစ္စတွေကိုပဲမေ့နေရတာလဲ Tae"
"Accident ဖြစ်ခါနီးမှာ အချစ်ကိုဖိအားပေးနေတဲ့ . အချစ် မေ့ပျောက်ချင်ခဲ့တဲ့အရာတွေလိုမျိုးပေါ့"
"ဘယ်လို Accident ဖြစ်ခဲ့တာလဲဆိုတာကိုတောင် မမှတ်မိခဲ့ဘူးဆိုတော့ .. Tae ပြောသလို နာကျင်
စရာတွေရှိနေတဲ့အချိန်မျိုးမှာ ငါ Accident ဖြစ်ခဲ့တယ်ဆိုတဲ့သဘောလား။ အဲ့ဒီအကြောင်းအရာကရောဘာလဲ . ငါ့ကိုပြောပြပါလား။ နောက်ပြီး အဲ့ဒီအရာတွေရဲ့ တရားခံက Tae တော့မဟုတ်ဘူးမလားဟင်"အဲ့ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်လောက်တဲ့အထိ ကိုယ်က အချစ်အတွက် အဲ့ဒီလောက်ထိအရေးပါခဲ့တဲ့ ဇာတ်ကောင်မျိုးမဟုတ်ခဲ့ပါဘူး။
"အချစ်က ဘာတွေကိုမြင်ခဲ့.ကြားခဲ့ပြီး အချစ်မှာပြန်သတိမရနိုင်တဲ့ကိစ္စတွေရှိနေတဲ့ အကြောင်းကိုသိသွားခဲ့တာလဲ . ကိုယ့်ကိုအရင်ပြောပြပါဦး"
ဆော့ဂျင်က ဒီရက်ပိုင်းအတွင်း သူတွေ့ကြုံခဲ့ရတဲ့ကိစ္စရပ်လေးများကို ထယ်ယောင်းအား ပြောပြမိသည်။
"ငါ အဲ့ဒီလိုမျိုးတွေမကြုံခင် ဆေးရုံမှာကတည်းက တစ်ခုခုကိုမေ့နေသလိုခံစားချက်မျိုးဖြစ်နေခဲ့တာ။ ဥပမာ ငါတို့အိမ်ကနေအပြင်ကိုထွက်ရင် အိမ်မှာတစ်ခုခုမေ့ကျန်နေခဲ့သလိုခံစားရတာမျိုးလေ . ဒါပေမယ့် ငါတို့ဘာကိုမေ့နေမှန်း ချက်ချင်းမသိခဲ့ဘူး။ ကိုယ်လိုအပ်လာတဲ့အချိန်ကျမှ ကိုယ်မေ့ကျန်ခဲ့တာ ဒါပါလားလို့သိလိုက်ရတာမျိုးဖြစ်ဖူးကြတယ်မလား။
ငါအခုခံစားနေရတာက အဲ့လိုခံစားချက်မျိုးပဲ Tae...။ ငါမေ့နေခဲ့တဲ့အရာက ငါ့ဘဝအတွက်အရေးကြီးတဲ့အရာဖြစ်နေမှာစိုးတယ်"