Part 20

291 63 27
                                    



ကလေးလေးကို အဖိုးဖြစ်သူနှင့်တွေ့ဆုံပေးရန်ထမင်းစားခေါ်သည့်နေကျမှ တိုက်တိုက်ဆိုင်ဆိုင် ကင်မ်ထယ်ယောင်း car accident ဖြစ်၍ လမ်းတစ်ဝက်ကလှည့်ပြန်သွားသည်တဲ့လေ။

အဖိုးအားတောင်းပန်တော့ သူငယ်ချင်းရဲ့ သေရေးရှင်ရေးကိစ္စမို့ သူနားလည်သည်ဟုဆိုသည်။ ထိုနေ့က ဂျောင်ကု အိမ်ပြန်ရောက်တော့ ကလေးလေးပြန်အလာကို တစ်ညလုံးထိုင်စောင့်ရင်းမိုးလင်းခဲ့၏။ ကြည့်ရတာ သူလဲတစ်စုံတစ်ယောက်အား မိုးလင်းပေါက်စောင့်ပေးနေခဲ့ရတယ်ထင်ပါရဲ့။

နောက်တစ်နေ့ Company ကိုရောက်တော့ သူတို့နှစ်ယောက်ရဲ့သတင်းတွေ ဓာတ်ပုံတွေက social media ပေါ်မှာပျံ့နှံ့နေခဲ့သည်။ သူနဲ့ကလေးလေးဟာ အရင်လိုကွယ်ဝှက်မထားတော့ပဲ သိပ်မကြာခင်လူအများရှေ့မှာ official တွဲဖို့ စဉ်းစားထားကြပြီးသားပင်။

ဒါပေမယ့် အခုဖြစ်ရပ်ကထူးဆန်းနေတာမို့ Source လိုက်ကြည့်လိုက်တော့ သတင်းပေးတဲ့သူက သူလုံးဝမထင်မှတ်ထားတဲ့သူဖြစ်နေသည်။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းကို အကြိမ်ကြိမ်စဉ်းစားကြည့်သော်လဲအဖြေမထွက်ခဲ့ပေ။

အကြောင်းရင်းအား သေသေချာချာသိချင်မိတာကြောင့် ရှိသမျှ meeting တွေအကုန်ဖျက်ပြီး အဖိုးရှိရာ Company သို့ ကတိုက်ကရိုက်
ထွက်လာခဲ့လိုက်၏။

...........

မနေ့က တစ်နေကုန်ဆက်သွယ်လို့မရတဲ့ ကိုကို့ကြောင့် ဆော့ဂျင်ခေါင်းမီးတောက်နေရသည်။ Tae ရဲ့မိခင်မှ သူနဲ့ကိုကို့ရဲ့ကိစ္စအားမေးလာတော့... Tae ကသတိပြန်မရလာသေးတဲ့အချိန်မှာ စိတ်အနှောင့်ယှက်ထပ်မပေးချင်တာကြောင့် နောက်မှသေချာရှင်းပြမယ်ဟုသာပြောထားလိုက်ရသည်။

ကိုကို့ရဲ့သူငယ်ချင်းတွေဆီဆက်သွယ်ကြည့်ပြန်တော့လဲ သူတို့လဲဆက်သွယ်မရဟုဆိုတာကြောင့် ကိုကို့မိသားစုအိမ်သို့သာ ထွက်လာခဲ့လိုက်သည်။ သူခြံရှေ့ရောက်လို့ ဘဲလ်တီးတော့ အလုပ်သမားတစ်ယောက်ထွက်လာပြီး အိမ်သားတွေအပြင်သွားကြတယ် တစ်ယောက်မှမရှိဘူးဟုဆိုသည်။

အပြန်လမ်းမှာ.... ပုံမှန်မဟုတ်ပဲဖြစ်ပျက်နေတဲ့ လတ်တလောအခြေအနေကြောင့် ဆော့ဂျင်စိတ်အလိုမကျဖြစ်ရသည်။ ထိုအချိန်မှာပဲ ထူးထူးဆန်းဆန်း သူ့ရဲ့မိခင်ဆီမှဖုန်းဝင်လာပြီး အချိန်ရရင်အိမ်သို့ခဏဝင်ခဲ့ရန် သူ့ကိုခေါ်နေသည်။

Love You Anymore Tempat cerita menjadi hidup. Temukan sekarang