35

1.1K 33 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၃၅)

သမီးကိုချီပြီး မီးဖိုချောင်ဘက်ကို ပြန်လျှောက်လာသည့်အခါ ချစ်လွန်းကိုကိုမတွေ့တော့ပေ။ သမီးနိုးမှထမင်းအတူစားမည်ဆို၍ ထမင်းစားဖို့ကြည့်တော့ သူကဘယ်ပျောက်သွားမှန်းမသိပေ။ အနောက်က ရေချိုးစည်နားမှာ သွားကြည့်တော့မှ ခင်လျှော်မည့်အဝတ်တွေကို လျှော်လှမ်းနေလေသည်။စောစောက ခင်အဝတ်လျှော်စက်လိုချင်သည်ဟု ပြောလိုက်သည်ကိုစိတ်ထဲမကောင်း ကိုယ်တိုင်လျှော်ပေးနေပုံရလေသည်။

"မောင့်.... "

"ဟင်...."

နောက်ဆုံးကျန်သည့်တစ်ထည်ကို ကပြာကယာလှမ်းလျှက် ခင်နှင့်သမီးဆီကိုပြေးလာလေသည်။

"ဒယ်ဒီ့မင်းသမီးလေး နိုးပြီလား"

"ဟုတ်ကဲ့ရှင့်...."

"အား....လိမ္မာလိုက်တာကွာ။လာပါဦးကွာ....လာပါဦး"

ခင့်လက်ထဲကသမီးကို ချီပြီးသားဖနှစ်ယောက် စနောက်နေလျှင် ခင်ဘေးကနေပြုံးလိုက်မိ၏။

"ကဲပါ...နောက်မှစနောက်။ အခုမနက်စာအရင်သွားစားမယ်။ မောင်လည်းအလုပ်သွားရဦးမယ်မလား"

"ဟုတ်ကဲ့ပါဗျ...ကဲ...မနက်စာသွားစားကြမယ် မင်းသမီးလေးရေ"

"ခစ်...ခစ်...ခစ်"

သမီးကိုမြှောက်လိုက်ဖမ်းလိုက်ဖြင့် အထဲဝင်သွားကာ သမီးကလည်းသူ့အဖေလက်ထဲမှာ တခစ်ခစ်ရယ်လျှက်ပါသွားလေသည်။ မနက်စာကိုလည်း ချစ်လွန်းကိုကအဆင်သင့်ပြင်ထားပြီးသားမို့ ခင်တို့ထိုင်စားရုံပင်။ သမီးကိုလည်းသူကပဲ စိတ်ရှည်ရှည်ခွံ့ကျွေးနေတာကြောင့် ခင်ကအရင်ခပ်သွက်သွက်စားပြီး သမီးကိုတလှည့်ပြန်ခွံ့ဖို့ယူလိုက်၏

"နေပါစေ...မောင်ပဲခွံ့့လိုက်တော့မယ်"

"ငါကစားလို့ပြီးနေပြီ။ ပေး...ပေး...မြန်မြန်စားပြီးအလုပ်သွားဖို့ပြင်တော့"

"ရပါတယ်ဆိုမမခင်ရယ်"

"ငါက စားဆိုစားလိုက်တော့။ အရစ်မရှည်နဲ့"

"ဟုတ်...."

ခင်တစ်ချက်မာန်လိုက်တော့မှ မျက်နှာတည်တည်လေးနှင့်ထမင်းစားတော့သည်။ သမီးကလည်း သူ့အဖေကိုခင်တစ်ချက်မာန်လိုက်တာနှင့် ဖအေအတိုင်း မျက်နှာလေးစူပုတ်၍ ခင့်ကိုကောက်ချင်နေလေသည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now