zgyi

615 14 1
                                    

(အပိုင်း ၁၈)

သူ့ရင်ဘက်ကြီးတစ်ခုလုံးကို ရိုက်ပြီးငိုလို့ဝမှ ခင်က မျက်ရည်သုတ်ကာ သူ့အနားကနေခွာလိုက်၏။ သူကလည်း ခင့်ကို စိုက်ကြည့်ရင်း....

"မနက်အစောကြီး မမခင်မိဘတွေကို သတိရလို့ငိုတာလား"

"အင်း...."

သူမေးတော့ ခင်က တစ်ချက်ပဲခေါင်းညိတ်ရင်း ဖြေ၏။

"မမခင်မိဘတွေဆီ အားတဲ့တစ်ရက်လောက်တော့ သွားကြရအောင်"

ဒီစကားကို သူပြောလိုက်ပေမဲ့ တကယ့်လက်တွေ့မှာတော့ မလွယ်ကူမှန်း ကြိုပြီးတွက်ဆထားမိသည်။ ခင့်မိဘတွေကို တွေ့ဖို့နေနေသာ ခြံရိပ်ပင်နင်းလို့ရလျှင် ကံကောင်းသည်။ ခင့်အသိုင်းဝိုင်းက ကြီးသည်။ သူတို့လို သာမာန်အညတရလူတွေ အနားကပ်ဖို့ဆိုတာ မဖြစ်နိုင်ေ ပ။ ဒီလိုအသိုင်းဝိုင်းကြားက ခင့်ကို သူ့ရအောင်ယူနိုင်ခဲ့သည်ကို အစကကျေနပ်မိပေမဲ့ အခုလို ခင်စိတ်ဆင်းရဲရတာမြင်ရတော့ မပျော်နိုင်တော့ပေ။ ခင့်အသိုင်းဝိုင်းကလည်း သားသမီးမိဘမေတ္တာဆိုသည်ထက် ဂုဏ်သိက္ခာကိုသာ ဘုရားတစ်စူလို ကိုးကွယ်နေကြသည်။ ဒါကြောင့်လည်း ခင်နဲ့ သူ့ကိစ္စကို လူမိသည်နှင့် ရှက်စရာတစ်ခုလိုသတ်မှတ်ကာ ဆွေခန်းမျိုးခန်းဖြတ်လိုက်ကြလေသည်။

ခင်ကလည်း သူ့အသိုင်းဝိုင်းကို ခယပြီးမတောင်းပန်သလို အကူညီလိုလျှင်တောင် ခြေဦးသွားမလှည့်တာ သူအသိဆုံးဖြစ်သည်။ ခင့်မှာလည်း ဘမျိုးဘိုးတူဆိုသလို မာနကလည်းကြီးလေသည်။ ခင့်အပြစ်တွေကို ခင်က တစ်ယောက်တည်းကြိတ်ခံလျက် သူ့နောက်လိုက်ခဲ့ခြင်းဖြစ်သည်။ သူ့နောက်လိုက်လာကတည်းက ခင့်မှာ မိဘတွေနဲ့ မတွေ့ဖြစ်တော့ပေ။ အခုမှ မိဘနှစ်ပါးကို သတိရလာသည်ဆို၍ သူလည်းစိတ်မကောင်းပေ။

"မသွားချင်ပါဘူး။ ငါသွားရင် အမေတို့ရှက်နေပါဦးမယ်။ ငါ့ဘဝကိုငါကိုယ်တိုင်ရွေးချယ် ပြီးပြီပဲ။ ပြန်မသွားချင်တော့ဘူး"

"သားသမီးနဲ့မိဘပဲ သွားတွေ့ရင် ရမှာပါ၊ ခင်ဗျားပဲ ခင်ဗျားမိဘတွေကို သတိရနေတာဆို သွားတွေ့ပေါ့"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now