part 6 uni

2.1K 73 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၆)

"ဆဲမှာပဲ...ဘာလို့ နင်ငါ့ကိုလာနမ်းလဲ"

"ခင်ဗျားမှ မထတာ...ဒီမှာနိူးနေတာ ဘယ်လောက်ကြာနေပြီလဲ"

"ကြာကြာ...ငါမထချင်လို့ မထတာ ဘာဖြစ်လဲ...နောက်တစ်ခါလာနမ်းကြည့်...တွေ့မယ်"

"နိူးလို့ မထရင်တော့ ထပ်နမ်းမှာပဲ...ကဲ...အခုနိူးနေပြီမလား...ထတော့...ဒီမှာ အလုပ်သွားရဦးမယ်၊ ခင်ဗျားအတွက် မနက်စာပါ အဆင်သင့်လုပ်ထားပြီးသား"

အတင်းလာနိူးရုံမက သူ့စိတ်တိုင်းကြလူကို နမ်းချင်တိုင်းနမ်းနေသည့် ချစ်လွန်းကိုကြောင့် ခင့်မှာ မကျေမနပ်ဖြင့် ထလာခဲ့ရသည်။ သူ့ကိုတော့ မျက်စောင်းလေးတထိုးထိုးဖြင့်သာ။

"ချစ်လွန်းကို....သား....."

အိမ်ရှေ့ကနေ ခေါ်သံကြောင့် မနက်စာစားနေရင်း ချစ်လွန်းကို အိမ်ရှေ့ကိုကဗြာကယာ ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ရောက်တော့ အဖေနဲ့အမေက အတူတွဲကာ အိမ်ရှေ့ရောက်နေပြီဖြစ်သည်။ အသက်ခြောက်ဆယ်နားကပ်နေပြီ ဖြစ်သည့်မိဘနှစ်ပါးပုံစံက ခပ်လှုပ်လှုပ်ရယ်ပါ။ မိဘနှစ်ပါးလုံးကို အပြေးအလွှားတွဲပြီး ခုံမှာထိုင်စေသည်။

"မနက်အစောကြီး ရောက်လာလို့ ငါ့သားအလုပ်ရှုပ်သွားပြီ ထင်တယ်"

"မရှုပ်ပါဘူးအဖေ။ ဘာကိစ္စရှိလို့လဲဟင်...မနက်အစောကြီးဆိုတော့"

ချစ်လွန်းကို မေးတော့ မိဘနှစ်ပါးက သူ့ကိုသေချာပြန်ကြည့်ကာ သက်ပြင်းလေးချ၏။ အသက်ကြီးပြီမို့ အငယ်ဆုံးသားကိုတော့ စိတ်ချလက်ချ လက်လွတ်ထားချင်ပုံလည်းရသည်။

"ကလေးမလေးရော...ဘာလုပ်နေလဲ"

အမေက လေသံဖျော့ဖျော့ကလေးနဲ့မေးတော့ ချစ်လွန်းကိုလည်း ခပ်တိုးတိုးပြန်ဖြေမိ၏။

"သူ မီးဖိုချောင်ထဲမှာ ထမင်းစားနေတယ်အမေ။ ဘာဖြစ်လို့လဲ...ကျွန်တော်သွားခေါ်ပေးရမလား"

"ခေါ်လိုက်တော့ ပိုကောင်းတာပေါ့...အမေတို့ပြောမယ့်စကားက သားအတွက်ရော ကလေးမလေးအတွက်ပါ အရေးကြီးတာပဲ...ခေါ်လိုက်သား"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now