part 17 uni

2.5K 95 2
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၁၇)

တစ်ဖက်ကိုလှည့်သွားသည့် ခင့်ကိုကြည့်ပြီး ချစ်လွန်းကိုလည်း ပြန်ဖို့အတွက် မတ်တပ်ရပ်လိုက်လေသည်။ ခင်နဲ့သူ ပြေလည်အောင်ညှိဖို့အတွက် ဘာတွေကများခက်ခဲနေသလဲဆိုတာ သူမတွေးချင်တော့ပေ။ စိတ်ပျက်စွာ မတ်တပ်ရပ်ရင်း ခင့်ကိုတစ်ချက်ကြည့်လိုက်တော့ ပခုံးလေးတစ်ဖက်က သိမ့်ခနဲလှုပ်သွားသည်ကို မြင်လိုက်ရလေသည်။ သေချာစိုက်ကြည့်တော့မှ ခင် ငိုနေမှန်းသိလိုက်ရလေသည်။

အမြဲလိုလို သူ့အပေါ် အနိုင်ယူ ပြောချင်တိုင်းပြော ရိုက်ချင်တိုင်းရိုက်ခဲ့သည့် ခင်က အခုသူ့စကားလေးတစ်ခွန်းကြောင့် ငိုနေသည်ဆို၍ သူ ယုံရခက်ဖြစ်နေလေသည်။ ကိုယ်ဝန်ဆောင်ကြီးနဲ့ ငိုနေတာကို မြင်ရပြန်တော့လည်း သူ့စိတ်ကမနေနိုင်ဘဲ သူ့အလိုလိုခြေထောက်တွေက ခင့်အရှေ့မှောက် ရောက်သွားရလေသည်။

"ဘာလို့ ငိုနေတာလဲ။ ကျွန်တော်ပြောတဲ့အထဲမှာ မမခင်ကို ငိုရလောက်တဲ့ထိ ဘာစကားများပါလို့လဲ"

ခင့်ပခုံးကို လှုပ်ကိုင်ပြီးမေးလျှင် ခင်က ခေါင်းခါပြလိုက်၏။ သူ့လက်တွေကိုလည်း ဖယ်ချလေသည်။

"နေပါဦး...ကျွန်တော်လည်းဘာမှမလုပ်ဘဲ ဘာလို့အနိုင်ကျင့်ခံရသလို ငိုနေရတာလဲ။ တကယ်ဆို မမခင်ကပဲ ကျွန်တော့်ကို စကားနဲ့အနိုင်ယူလိုက် လက်နဲ့အနိုင်ယူလိုက် လုပ်နေတာမဟုတ်ဘူးလား။ မမခင်ပဲ လုပ်ပြီး မမခင်က ငိုနေတယ်ဆိုတော့ မသိရင် ကျွန်တော်က နှိပ်စက်နေသလိုလိုနဲ့...မငိုစမ်းပါနဲ့ဗျာ"

"ငါ့မျက်ရည်နဲ့ငါငိုနေတာ နင်နဲ့ဘာဆိုင်လဲ"

"ကျစ်....အဲ့ဒါကြောင့် မမခင်ကိုပြောတာ၊ အဆင်ပြေအောင် နေရကြရအောင်ဆိုတော့ ခေါင်းမညိတ်ဘူး။ ပြီးတော့ မမခင်ပဲ ခံနေရသလို ကြိတ်ငိုပြီမလား"

"အဲ့ဒါနင့်ကြောင့်လေ...တစ်သက်နဲ့တစ်ကိုယ် သူများအနိုင်ကျင့်တာ မခံခဲ့ရတာ နင်နဲ့ကျမှခံရတယ်။ မျက်ရည်ဆိုတာ ဘယ်ဆီမှန်းမသိနေခဲ့ရတဲ့ဘဝကနေ အခုမျက်ရည်ပါ ကျနေရပြီ။ အဲ့ဒါတွေအကုန်လုံးနင့်ကြောင့်...နင့်ကြောင့်...နင့်ကြောင့်..."

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now