part 5 uni

2.2K 79 1
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၅)

ရှက်ရွံ့ချင်း မျက်နှာပူချင်းတွေနဲ့ အိပ်ခန်းထဲဝင်လာခဲ့သည်ထိ ခင်က အံလေးတကြိတ်ကြိတ်နဲ့ တောက်ခေါက်နေစဲပင်။ ချစ်လွန်းကိုဆိုသည့် လူကို တနုတ်နုတ်ဖြင့်သာ ဒေါသထွက်လျက်ရှိသည်။

မီးသီးမှောင်၍ မီးသီးလဲခိုင်းချင်းကို မဆီမဆိုင် နားရှက်ဖွယ်အတိတ်ကိစ္စကို ပြန်ပြောချင်းကြောင့် ပို၍ မျက်မုန်းကျိုးရသည်။

တစ်ယောက်ထဲ အခုလို အခန်းထဲမှာ ထိုင်နေရင်း မီးသီးကိုမော့ကြည့်တော့ အရင်ကထက် ပိုမှိန်နေသလို ခံစားရပြန်သည်။ ထမင်းစားသောက်ပြီးသည်နှင့် အပေါ်ထပ်ကို တန်းတက်သွားသည့် ချစ်လွန်းကို ကို ရင်ထဲကနေမေတ္တာပို့လိုက်၏။

"တစ်အိမ်လုံးမှာ နှစ်ယောက်ထဲရှိတာတောင် သင်းက အပေါ်ထပ်မှာ တစ်ယောက်ထဲအေးအေးဆေးဆေး တက်နေနိုင်သေးတယ်။ ဒီအိမ်အစုတ်ပလုတ်အကြောင်းကို သင်းက နည်းနည်းတောင်မသိဘူးလား...တောက်...သူ့နှမတွေနဲ့အတူမနေနိုင်လို့ သက်သက်မဲ့ ပညာပြတာပဲနေမှာ"

တစ်ယောက်ထဲ ပွစိပွစိနှင့် ခြေကလေးဆောင့်ကာ ခုတင်ပေါ်က ရှုပ်ပွနေသည့် အိပ်ရာခင်းကို ဆွဲဆန့်လျက်ရှိသည်။ ခေါင်းအုံးနှစ်လုံးကို ဆွဲကိုင်ပြီး တစ်ခုနဲ့တစ်ခု အားထည့်ရိုက်လိုက်သေး၏။

"အ...."

ကျောညှပ်သလိုလို ဗိုက်ကဆစ်ခနဲလိုလို ဖြစ်သွားလျှင် ခေါင်းအုံးကို ပြန်ချကာ ခုတင်မှာခြေတွဲလျားချလျက် ထိုင်လိုက်၏။ ဘယ်လောက်ပင် ဗိုက်ထဲက ကလေးကိုမလိုချင်ပါဘူးဟု ဆိုသော်လည်း ခင့်တွင် မိန်းမသဘာဝအလျှောက် မိခင်စိတ်တို့က ခိုအောင်းနေစဲပင်။ ချစ်လွန်းကို ကိုဒေါသထွက်၍ တစ်ယောက်တစ်ပေါက်သူနိုင်ကိုယ်နိုင် ပြောဆိုသော်လည်း ခင်သည်တကယ်တမ်းကြတော့ မမြင်ရသေးသည့် အသွေးသားကို လွန်စွာ စိတ်ပူပြန်လေသည်။

တစ်ယောက်ထဲရှိနေတုန်း ရောက်တက်ရာရာတွေးလျက် ခင့်လက်တွေတွေ ခင့်၏ ပြားချပ်ဗိုက်ကလေးပေါ်ရောက်သွားသည်။ ထို့နောက် ပွတ်သပ်ကြည်စယ်ကလူကာ မျက်နှာတွင်လည်း ပြုံးလာသည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now