part 24 uni

3.7K 93 13
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၂၄ )

မိုးလင်းတော့ ခင်အလုပ်မသွားခင် ချစ်လွန်းကို ပြန်ရောက်လာသည်။ အမေ့အိမ်ကို ဝင်၍ခင့်ကိုခေါ်ပြီးမှ နှစ်ယောက်အတူတူ အိမ်ကိုပြန်လာခဲ့ကြ၏။ အိပ်ရေးပျက်ထားသည့် သူ့ကိုကြည့်ပြီး ခင်စိတ်မချမ်းမြေ့ပေ။ အိမ်ရောက်တာနဲ့ မီးဖိုချောင်ထဲ ဝင်ဖို့ပြင်နေသည့်သူ့ကို ခင် အလိုမကျစွာတားလိုက်သည်။

"တစ်ညလုံး အလုပ်လုပ်ပြီးပြန်လာတာမဟုတ်လား၊ ဘာမှမချက်နဲ့တော့ သွားအိပ်"

"မမခင် အလုပ်သွားရင် ထမင်းချိုင့်ဘယ်လိုလုပ်မလဲ"

"နင်နဲ့ရန်ဖြစ်တုန်းကလည်း ဖြစ်သလို စားခဲ့တာပဲ၊ တ​စ်ရက်ထဲနဲ့ ဘာမှမဖြစ်သွားဘူး။ ချက်မနေနဲ့ သွားအိပ်တော့၊ တစ်ညလုံးအိပ်ရေးပျက်ထားတာကို"

"ရပါတယ်မမခင်ရယ်"

"ဘာကိုရတာလဲ၊ သွားအိပ်ဆို သွားအိပ်လိုက်ပေါ့၊ ငါ့ကိုအတွန့်ထပ်မတက်နဲ့တော့"

ခင့်ရဲ့တစ်ချက်လွှတ်အမိန့်အောက်မှာ သူဘာမှ ဆက်မပြောဘဲ အိပ်ခန်းထဲဝင်ကာ လှဲအိပ်ချလိုက်တော့သည်။ ခင်လည်း သူ့ဘေးနားကိုပါလာကာ သက်ပြင်းချရင်းကြည့်နေလေသည်။

"ကိုယ်ဝန်ဆောင်သည်က ဒီလို သက်ပြင်းခဏခဏချနေလို့မဖြစ်ဘူးလေ၊ "

အိပ်စရာရှိတာ မအိပ်ဘဲ ခင့်ကိုအပြစ်တင်နေသည့် သူ့ကို ခင်ကပတ်ခနဲ တစ်ချက်ရိုက်လိုက်ကာ မျက်စောင်းထိုးလိုက်၏။

"သက်ပြင်းမချစေရင် သက်ပြင်းချစရာမလိုအောင် နေပေါ့ချစ်လွန်းကိုရဲ့၊ နင့်ကြည့်ပြီး ငါစိတ်မချမ်းသာဘူး'

"ဘဝဆိုတာ ဒီလိုပဲပေါ့မမခင်ရဲ့"

"နင်တို့ဘဝတွေ ဒီလောက်ထိဆိုးမယ်လို့ ငါမထင်ခဲ့ဖူးဘူး၊ အနည်းဆုံး အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းစားနိုင်သောက်နိုင်မယ်လို့ ထင်ထားခဲ့တာ"

"ဟာ...မမခင်ကလည်း အခုရော ကျွန်တော့်ဘဝက ဘာဖြစ်နေလို့လဲ။ ကျွန်တော်ချစ်ရတဲ့မိန်းမက ကျွန်တော့်အနားမှာရှိတယ်။ ထမင်းစားဖိူ့ အလုပ်တစ်ခုရှိတယ်။ နောက်ဆို ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးလည်း ရှိဦးမယ်။ ကျွန်တော့်ဘဝဘယ်လောက်သာယာလိုက်သလဲ"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now