part 2 uni

4.3K 134 1
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၂)

မျက်နှာလေးမဲ့ကာ ထိုင်ချလိုက်သည့် ခင့်ကြောင့် သူလည်း ပြာယာခက်သွားလေသည်။ ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်သွားမှာကို သေမလောက်ကြောက်သွားလေသည်။

"မမခင်...မမခင်...ဘာဖြစ်တာလည်း"

"ဘာဖြစ်ရမှာလည်း နင့်အစ်မတွေကြောင့် ဒေါသတွေငယ်ထိပ်တက်ဆောင့်သွားတာလေ"

ဗိုက်နာသွားတာကိုတောင် ခင်က ဒေါသကို တစ်ပြားဖိုးမှမလျှော့ ဒင်ပြည့်ကျပ်ပြည့် မောင်းတင်ထားလေသည်။

"ဆေးခန်းသွားကြမလား မမခင်"

"အခုမှ ဆေးရုံက ဆင်းလာတာကို အခုဆေးခန်းသွားပြစရာလား။ သေပါစေ မသွားဘူး..."

စကားပြောနေရင်း မျက်နှာလေးမဲ့တာတွေ ရှုံ့တာတွေ မရှိတော့၍ ခဏလောက်ပဲ နာသွားတာမှန်းသိလိုက်ရ၍ စိတ်အေးသွားရသည်။

"ဒါဆို မမခင် အိမ်မှာခဏနေခဲ့။ ကျွန်တော် အပြင်သွားလိုက်ဦးမယ်"

"သွားပေါ့...တစ်သက်လုံးပြန်မလာရင် ပိုတောင်ကောင်းသေးတယ်"

"မမခင်နော်...အပြင်သွားမယ့်လူကို နိမိတ်မရှိ၊ လာဘ်မရှိ...ဖက်...ဖက်...ဖက်...."

"ဟွန့်...."

သူ့ကိုယ်သူတော့ သေမှာကြောက်ပါသည်။ လူ့လောကထဲ မရောက်လာသေးသည့် ကလေးကိုလည်း မြင်ချင်သေးသည်။ ခင် ပြုံးရယ်တာကိုလည်း မြင်ချင်သေးသည်။ ဒါကြောင့် ခင့် ဆီပြန်လာမှဖြစ်မည်။ ခင်ကတော့ ပြန်မလာလေ ကောင်းလေဆိုပေမဲ့ သူကတော့ ဘယ်အချိန် ဘယ်အခါဖြစ်ဖြစ် ခင့်ဆီရောက်အောင်ပြန်မည်သာ။

အပြင်သွားပြီးပြန်ရောက်တော့ ခင်က သူ့အိမ်မှာ ဘယ်မှမသွား။ အိပ်ခန်းထဲက အိပ်ခန်းပြင်တောင်မထွက်ပေ။ တစ်နေကုန် အိပ်နေလေသည်။ အစားလည်း ထွက်မစားပေ။

"မမခင်...."

သူနိူးတော့ ထလာသည်။ ပြီးတော့ အရင်လို ဘုကြည့်ကြည့်သည်။

"ဘာလဲ"

"တစ်နေကုန် အိပ်နေတယ်ဆို"

"အဲ့တော့ ဘာဖြစ်လဲ"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now