31

994 34 0
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ(အပိုင်း ၃၁)

ရင်ဘက်ကလေးအပေါ် လက်ချောင်းကလေးတွေနှင့်ပွတ်သပ်ကြည်စယ်ရင်း ခင်ကတပြုံးပြုံးနှင့် နားထောင်နေလေသည်။ ချစ်လွန်းကိုလည်း ခင့်ခါးကလေးကိုပြန်ဖက်ထားရင်း ပါးပြင်ကိုတစ်ချက်ငုံ့နမ်းလိုက်လေသည်။

"မမခင်သိလား...."

"ဘာကိုလဲ"

"အဲ့တုန်းက မမခင်လွှင့်ပြစ်လိုက်တဲ့ ဆီးစစ်တံလေ။ အခုထိမောင့်မှာရှိသေးတယ်သိလား"

"ဟင်....ဘာလုပ်ဖို့သိမ်းထားတာလဲ"

"မောင့်ဘဝမှာ တစ်ခါမှမပျော်ဖူးတဲ့ပျော်ရွှင်ခြင်းတွေကို သယ်ဆောင်လာတဲ့ပစ္စည်းကို မောင်ကအမှိုက်ပုံးထဲလွှင့်ပြစ်စရာလား။ သိမ်းထားတာပေါ့။ "

"ရှင်ပျော်ပေမဲ့ ကျွန်မကသေလောက်အောင်ငိုချင်ခဲ့တာသိရဲ့လားမောင်ချစ်လွန်းကိုရဲ့"

ရင်ဘက်လေးကို လက်သီးဆုပ်ကလေးနှင့် ထုပြီးနူတ်ခမ်းလေးဆူကာ ပြောလိုက်သည့်ခင့်စကားကြောင့် သူအားနာသွားရလေသည်။ ခင့်ပါးပြင်လေးကိုနမ်းရှိုက်ရင်း တင်းကြပ်စွာဖက်ထားကာ....

"ဒီတစ်ခါတော့ ကျိမ်းသေပေါက်ပျော်အောင်ထားပါ့မယ်။ မမခင်ကို စိတ်ဆင်းရဲအောင်မလုပ်တော့ဘူးနော်။"

"ပြောတာပဲ...."

ခင်ကမျက်စောင်းလေးထိုးလိုက်လျှင် သူအသဲယားကာ တစ်ကိုယ်လုံးကို ဆွဲညစ်လိုက်၏။

"မောင့်အဖွားကြီးက ချစ်စရာကြီးကွာ"

"ချစ်လွန်းကို...နင်နော်"

"စတာ...စတာ...."

"အဖွားကြီးဆိုရင် အနားမကပ်နဲ့လေ။သွား...သွား...."

"မသွားပါဘူး...ဒီအဖွားကြီးတောင်ချစ်မဝတဲ့ဟာ။ "

"သွားပါ...အပိုတွေ"

"အပိုတွေမဟုတ်ဘူးဆိုတာ သက်သေပြမယ်။ လာထား...."

"အ....မောင်နော်...."

ခင့်ခါးလေးကနေ ဆွဲဖက်လျှက် ခုတင်နှင့်ကျောပြင်ကပ်သွားအောင်ဆွဲလှည့်လိုက်ပြီး သူကအပေါ်ကနေအုပ်မိုးထားလျှင် ခင့်မျက်နှာကလေးပြုံးပြုံးစိဖြစ်သွားလေသည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now